မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, February 28, 2009

Non-Violence အဖွဲ့မှ Knowledge Talk on Democracy ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ရပ်ကျင်းပ တိဗက်လွှတ်တော်အမတ် ဘုန်းတော်ကြီး(အချားရီးရား)တတ်ရောက်ဟောပြော
ZYT/ ၁၉ ဇန်န၀ါရီ ၂၀၀၉ မြန်မာ့ရိပ်သာခန်းမ၊ နယူးဒေလီ။
ဘုန်းတော်ကြီး အချားရီးယားမှ အမှာစကားပြောကြားနေစဉ်။


အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့် Non-Violence အဖွဲ့တစ်ခုမှ ၁၉-၁-၂၀၀၉ (တနင်္လာနေ့)နေ့လည် ၁ နာရီတွင် Knowledge Talk on Democracy ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာ့ဒီမိုကရေစီ အင်အားစုများနေထိုင်ရာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနောက်ပိုင်းရှိ ရက်ကွက်တစ်ရှိ မြန်မာ့ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပွဲကို Shwe Gas Campaign မှ organize ပြုလုပ်၍ Non-Violence အဖွဲ့မှ ဦးဆောင်၍ကျင်းပခဲ့ပါသည်။ ထိုပွဲသို တိဗက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဘုန်းတော်ကြီး အချားရီးရား တတ်ရောက်ချီးမြင့်ပေးခဲ့ပါသည်။
ရွှေဂက်စ်ကမ်ပိန်းမှ ကိုကင်(မ်)မှလည်း န.အ.ဖ စစ်အစိုးရသည် တရုတ်အစိုးရအားရောင်းချမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း၊ ပိုက်လိုင်းဖောက်လုပ်ရန် စစ်စခန်းများတိုးချဲ့နေပြီဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်းဖောက်လုပ်မည့် ကျောက်ဖြူ၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်စသည့် ပိုက်လိုက်တလျှောက် လယ်မြေသိမ်းဆည်းမှု၊ သစ်တောပြုန်းတီးမှု၊အတင်းအဓမ္မရွှေ့ခိုင်းမှု၊ အတင်းအဓမ္မခိုင်းစေမှုများရှိလာနိုင်ကြောင်း ရှင်းပြသွားပါသည်။ အခမ်းအနားတွင် တတ်ရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းရင်းသားလူငယ်များမှ တတ်ကြွစွာဖြင့် ပါဝင်ဆွေးနွေးကြပါသည်။ ညနေ ၅ နာရီတွင်းဆွေးနွေးပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ဘုန်းတော်ကြီး အချားရီးရားမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အထောက်အကူပြုမည့် နည်းလမ်းများပြေားကြားစဉ်


ဘုန်းတော်ကြီး အချားရီးရားမှ တိဗက်နိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှိုင်းယှဉ်ပြနေစဉ်။

ရွှေဂက်(စ်)ကမ်ပိန်းလှုပ်ရှားသူ ကိုကင်(မ်)မှ န.အ.ဖ စစ်အစိုးရမှ တရုတ်အစိုးရအားရောင်းချမည့် Shwe Gas ပိုက်လိုင်းအကြောင်းရှင်းပြနေစဉ်။

Non-Violence အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး တတ်ရောက်လာသူများအား ဆွေးနွေးပေးရန်ဖိတ်ခေါ်နေစဉ်။


လူငယ်တစ်ဦး တတ်ကြွစွာဆွေးနွေးနေစဉ်။

တိုင်းရင်းသားဖြစ်သည့် ဟားခါးလူငယ်တစ်ဦးဆွေးနွေးနေစဉ်။

တိုင်းရင်းသားဖြစ်သည့် တီးတိန်လူငယ်တစ်ဦးဆွေးနွေးနေစဉ်။

No comments:

Post a Comment