• ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU)၏ စတုတ္ထအကြိမ်မြောက် ညီလာခံအပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ
• ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ညီညွတ်ရေးနှင့် ခေါင်းဆောင်မှုအပေါ် အကြုံစဖူး အဆိုးမြင်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်နေသည့်ကာလအတွ
• အဆုံးတွင်မူ “တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ဖေါ်ဆောင်ရန် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်”ဆိုသည်ကို အားလုံးက သဘောတူညီကြပေသည်။
“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊”
မာလာဟိုက် ကြေညာချက်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်
၁။ အောက်တွင် ဖေါ်ပြထားကုန်သော ကျနော်တို့ အဖွဲ့အစည်းများအနေနှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ (မာလာဟိုက်)တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြွဲ
၂။ မည်မျှပင် ကြီးမားဆိုးဝါးသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရစေကာမူ မြန်မာပြည်သူ လူထု လွတ်မြောက်ရေးနှင့် အခြေခံအခွင့်အရေးများရရှိစေရန် အန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင် အန်တုလျက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် မဆုတ်မနစ်သော လုံ့လ၀ီရိယနှင့် ဆက်လက် တိုက်ပွဲဝင်နေကြ ကုန်သော ပြည်တွင်းမှ ဒီမိုကရေစီ သူရဲကောင်းများအား လေးစားဂုဏ်ပြုအပ်ပါသည်။
၃။ ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဘ၀ပျက်ပြီး၊ အများစုသည် ပြင်းထန် ကြမ်းတမ်းလှသော ထောင်တွင်း အခြေအနေတွင် ဆင်းရဲဒုက္ခများ ဆက်လက် ခံစားနေကြရကုန်သော သတ္တိပြောင်မြောက်လှသည့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်
၎။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး အပါအ၀င် အဖမ်းအဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
၅။ မြန်မာ့အရေး ထောက်ခံအုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် (အင်စတီကျု)များ အားလုံးတို့၏ မဆုပ်အနစ်သော ကူညီ ထောက်ပံ့ကုညီမှုများအတွက်လည်း ကျွန်ုပ်တို့ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
၆။ မြန်မာစစ်ဗိုလ်ချုပ်များသည် တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံလျက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး ဖြင့် တရားဝင်အုပ်ချုပ်နိုင်ရေးကြိုး
၇။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ၂၀၀၈ ခုနှစ် စစ်တပ်က အဆိုတင်သွင်းခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအား လုံးဝလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။ အခြေအနေဆိုးအား ပြုပြင်ရန် အခွင့်အလမ်းနှင့် အချိန် ကျန်ရှိနေဆဲဖြစ်ရာ၊ ကျွန်ုပ်တို့သည် တိုင်းပြည် အကျိုးအတွက် နည်းလမ်းပေါင်းစုံနှင့် တညီတညွတ်တည်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်နှင့် နားလည်မှု များ ရရှိခဲ့ကြပေသည်။
၈။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရန် ဟူသည့် ဘုံရည် မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ် တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။
၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB
၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU
၃) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ AAPP
၎) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်
၅) မြန်မာနိုင်ငံဆိုင်ရာ ကနေဒါမိတ်ဆွေများ CFOB
၆) တိုင်းရင်းသားလူမျိုးများကောင်
၇) မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ် FBF
၈) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB
၉) သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော
၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD/LA
၁၁) မြန်မာနိုင်ငံကျောင်းသားလူငယ်မျ
၁၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
No comments:
Post a Comment