မင်းချမ်း၊ ကောင်းဝါ
ဇွန်၂၊၂၀၁၀။
လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌ ယနေ့နံနက်တွင်ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထားဝယ်အမျိုးသားနေ့အခမ်းအနားတွင် ကိုဘထူးလေးမိန့်ခွန်းပြောကြားနေစဉ်
အခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ ကိုဘထူးလေးက “ဒီနှစ်မှာတော့ အရင်နှစ်ထက်ပိုထူးခြားလာတာက ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပမယ့်သတင်း ကျနော်တို့ကြားသိခဲ့ရပါတယ်” ဟု ဆိုပါသည်။သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။
