မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Thursday, June 3, 2010

ထားဝယ်အမျိုးသားနေ့ ဘန်းဒုန်ယမ်းတွင်ကျင်းပ

မင်းချမ်း၊ ကောင်းဝါ
ဇွန်၂၊၂၀၁၀။
လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌ ယနေ့နံနက်တွင်ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ထားဝယ်အမျိုးသားနေ့အခမ်းအနားတွင် ကိုဘထူးလေးမိန့်ခွန်းပြောကြားနေစဉ်
အခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ ကိုဘထူးလေးက “ဒီနှစ်မှာတော့ အရင်နှစ်ထက်ပိုထူးခြားလာတာက ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပမယ့်သတင်း ကျနော်တို့ကြားသိခဲ့ရပါတယ်” ဟု ဆိုပါသည်။

သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။ကောင်းဝါသတင်းဌာနမှ ကူးယူဖော်ပြပါသည်။ http://www.kaowao.org

No comments:

Post a Comment