မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Thursday, March 18, 2010

ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ လွှတ်တော် အမတ်များ ရှုတ်ချ


ရွေးကောက်ပွဲ ဥပဒေကို ကန့်ကွက် ရှုတ်ချနေသော နယူးဒေလီမှ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဂျန်တားမန်တား ပန်းခြံတွင် တွေ့ရပုံ (ဓာတ်ပုံ - ဇာနည်မာန်)


Wednesday, 17 March 2010 19:15 ဇာနည်မာန်
မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ နိုင်ငံရေး သမားများက ယနေ့ ပြစ်တင် ရှုတ်ချလိုက်ပြီး ထိုဥပဒေကြောင့် မြန်မာနိုင်ငံ အတွင်း မငြိမ်မသက်မှုများ ဆက်လက် ဖြစ်ပွားလိမ့်မည်ဟု ပြောကြား လိုက်ကြသည်။ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတို့က နယူးဒေလီမြို့ လွှတ်တော် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တား ပန်းခြံတွင် နံနက် ၁၁ နာရီက ပြုလုပ်သော ရွေးကောက်ပွဲ ဥပဒေ ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲတွင် IPFDB ခေါ် မြန်မာ့အရေး လှုပ်ရှားနေသော အိန္ဒိယ ပါလီမန် အထက် လွှတ်တော် အမတ်များ အဖွဲ့က ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“စစ်အစိုးရက ထုတ်တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး။ ဒီအတိုင်းသာ ရွေးကောက်ပွဲ လုပ်ခဲ့ရင် ဘယ်လိုမှ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီအတိုင်းသာဆိုရင် မြန်မာပြည်တွင်း မငြိမ်မသက်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ” ဟု အထက် လွှတ်တော်အမတ် ၁၀၀ ကျော် ဖြင့် ဖွဲ့စည်းထားသည့် IPFDB အဖွဲ့၏ ခေါင်းဆောင် မစ္စတာ ရှရတ်ဂျိုရှီး က ဧရာဝတီသို့ ပြောသည်။

ပါတီဝင်များသည် အကျဉ်းကျနေသူများ မဖြစ်စေရဟု အစိုးရက ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရည်ရွယ်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“အကျဉ်းကျနေသူတွေ မပါရဘူး ဆိုတာဟာ ထူးဆန်းတဲ့ ကိစ္စပဲ။ ကျနော်တို့ နိုင်ငံမှာရော တခြား နိုင်ငံတွေမှာပါ ပါတီဝင်တွေ တခါတလေ ထောင်ထဲ ဝင်ကြရတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတာပဲ။ ဒီလို ကန့်သတ်လိုက်တာကို ကြည့်ရင် ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရား မျှတမှုရှိမယ့် ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်း လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန်တို့ကို IPFDB က မြန်မာအစိုးရကို တောင်းဆိုသည် ဟု သူက ပြောသည်။

သူက အိန္ဒိယ အစိုးရကိုလည်း တောင်းဆို တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံကြီး ဖြစ်သည့် အိန္ဒိယ အစိုးရသည် မြန်မာ စစ်အစိုးရနှင့် စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင် ရုံသာမက မြန်မာနိုင်ငံ သားများ၏ အကျိုး စီးပွားကိုလည်း ကြည့်သင့် သည်ဟု သူက ဆိုသည်။ IPFDB အဖွဲ့၏ တောင်းဆို ချက်များကို အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ ပေးပို့သွားမည်ဟု ဆိုသည်။
အင်အား ၂၀၀ ကျော် ပါဝင်သည့် နယူးဒေလီမြို့ ဆန္ဒပြပွဲတွင် ပါဝင်သည့် ပြည်ပရောက် စင်ပြိုင်အစိုးရ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ တင့်ဆွေက ရွေးကောက်ပွဲ ဥပဒေ အကြောင်းကို ပြည်သူလူထု သိရှိရေး ဆောင်ရွက်ရန် အရေးကြီးသည်ဟု ဧရာဝတီကို ပြောသည်။
“ဒီတိုင်းနေလို့ မရတော့ဘူး။ ကိုယ်မကြိုက်တာကို မဖြစ်စေဖို့ မကြိုက်တဲ့ အကြောင်းကို ပြဖို့ လူထုမှာလည်း တာဝန်ရှိတယ်၊ NLD မှာလည်း တာဝန်ရှိတယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိတယ်” ဟု သူက ရှင်းပြသည်။

အပြည့်အစုံသို့...

Tuesday, January 19, 2010

မလေးရှားရှိ မြန်မာသတင်းဂျာနယ်များ သံရုံးဖိအားကို ရင်ဆိုင်နေရ ကိုထွေး

မလေးရှားနိုင်ငံတွင် မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသောဂျာနယ်များအနက် သူရိယနှင့် ပြည်ထောင်စု ဂျာနယ်များအား လက်ခံ မရောင်းချရန် မြန်မာဆိုင်များကို ဖိအားပေးမှုရှိကြောင်း သတင်းရသည်။
အဆိုပါ ဂျာနယ်များကို လက်ခံ မရောင်းချရန် နီးစပ်သူများမှတဆင့် မလေးရှားရှိ မြန်မာသံရုံး က မှာကြား ထားခြင်းဖြစ်သည်ဟု မြန်မာဆိုင်များနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက“ဒီက မြန်မာဆိုင်တွေက ပြည်ဝင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေက လာရောက် လုပ်ကိုင် နေ တာ များတော့ မြန်မာ သံရုံးရဲ့ ငြိုငြင်ခံရမှာရယ်၊ နောက် အခု ဂျာနယ်တွေက နိုင်ငံရေးနဲ့ ဆက်စပ်နေတော့ နိုင်ငံကူးလက်မှတ် အပိတ်ခံရမှာကိုလည်း စိုးရိမ်တယ်လေ၊ သံရုံးနဲ့နီးစပ်တဲ့ ဆိုင်တွေကို အဲဒီဂျာနယ်မရောင်းဖို့ တိုးတိုးတိတ်တိတ် အသိပေးထားတယ်” ဟု ပြောသည်။

http://www.irrawaddy.org/bur/images/stories/union_newspaper.gifသူရိယ၊ ပြည်ထောင်စု ဂျာနယ်များသည် ဧရာဝတီ၊ မဇ္စျိမ၊ ခေတ်ပြိုင်၊ VOA ၊ RFA အစရှိသော သတင်းဌာနများ မှ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းများကို ကောက်နုတ်၍ တလလျှင် ၁၊ ၂ ကြိမ်ကျ ထုတ်ဝေခြင်း ဖြစ်သည်။

ပြည်ထောင်စုဂျာနယ်သည် ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်၍ ထုတ်ဝေခဲ့သည်။ တလလျှင်စောင်ရေ ၁၅၀၀နှင့် ၁၈၀၀ ကြား ဖြန့်ဝေလျက်ရှိပြီး တန်ဖိုးမှာ မလေးရှားငွေ ၂ ရင်းဂစ်ဖြင့် ရောင်းချကြောင်းသိရသည်။
ပြည်ထောင်စု ဂျာနယ်မှ မန်နေဂျာ ကိုအောင်ထွန်းဦးက“ကျနော်တို့ ဂျာနယ်ဆိုင်တွေမှာ မတင်နဲ့ ဆိုတဲ့ သတင်း တော့ အခုထိ မကြားသေးဘူး၊ ဒါပေမယ့် မလေးရှားက မြန်မာဆိုင် အတော်များများက ကျနော်တို့ ဂျာနယ်ကို တင်ဖို့လက်မခံကြဘူး”ဟု ပြောသည်။
နိုဝင်ဘာလ ၃၀ရက်က စတင်ထုတ်ဝေခဲ့သော သူရိယဂျာနယ်သည် စောင်ရေ ၁၀၀၀ ခန့်ဖြန့်ဝေပြီး တန်ဖိုးမှာ မလေးရှားငွေဖြင့် ၂.၅ ရင်းဂစ်ဖြင့်ရောင်းချ ကြောင်းသိရသည်။
သူရိယဂျာနယ်နှင့် နီးစပ်သူ ကိုမိုးဝေက“သူရိယ ဂျာနယ်ကို မြန်မာဆိုင်တွေမှာမတင်ဖို့ မြန်မာသံရုံးက လိုက် ပိတ်ပင်နေတယ်၊ ဂျာနယ်ဆိုင်ပေါ်သွားတင်ရင် ဆိုင်ရှင်တွေကပြောတယ် နိုင်ငံရေးဂျာနယ်ဆို သံရုံးက ပြဿနာ လာရှာမယ်လို့၊ အခု ဆိုင် ၁၂ ဆိုင်မှာ ၆ ဆိုင်ပဲလက်ခံတော့တယ်၊ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ဒီဘက်က လူတွေ သိဖို့လိုတယ်” ဟုဆိုသည်။

မလေးရှား ရဲများက သူရိယဂျာနယ် ထုတ်ဝေသူကို ခေါ်ယူစစ်ဆေးနေသည်မှာ၂ ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှားဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က“သူရိယ၊ ပြည်ထောင်စုနဲ့ တခြား ဂျာနယ် တခုကို မြန်မာဆိုင်တွေမှာ တင်ခွင့်မပေးအောင်ဆိုပြီးတော့ မြန်မာသံရုံးနဲ့သက်ဆိုင်သူတွေက လိုက်ပိတ် နေတယ်လို့ ကျနော်တို့ကြားတယ်၊ အခုလက်ရှိ မြန်မာဆိုင်တွေက အဲဒီဂျာနယ်တွေကို မတင်ရဲတော့ဘူး”ဟု ပြောသည်။
အားကစားနှင့်ပတ်သက်ပါက ဟဲလိုမြန်မာဂျာနယ်ကို ဖတ်ရှုကြပြီး နိုင်ငံရေးပိုင်းနှင့် ပတ်သက်ပါက စမတ်တိုင်းမ် ကို ဖတ်ရှုကြကြောင်း၊ စမတ်တိုင်းမ်တွင် အစိုးရအာဘော်များလည်း ပါသကဲ့သို့ ပြင်ပမီဒီယာ အာဘော်များလည်း ပါကြောင်း၊ ဟဲလိုမြန်မာဂျာနယ်သည် စီးပွားရေးသမား တဦးက သီးသန့် ရပ်တည် ထုတ်ဝေ လျက်ရှိသော်လည်း စမတ်တိုင်းမ်ကမူ မြန်မာသံရုံးနှင့် အဆက်အသွယ်ရှိသူများက ထူထောင်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လမ်းသစ်၊ စမတ်တိုင်မ်း၊ ဟဲလိုမြန်မာ၊ သူရိယ၊ ပြည်ထောင်စု ဂျာနယ်များသည် မလေးရှားနိုင်ငံရောက် မြန်မာများ အကြား လူသိများကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးသတင်းကို အဓိကထား ဖော်ပြလေ့ရှိသော ဂျာနယ်များကို မလေးရှားရောက် မြန်မာနိုင်ငံသား အများစုက ၀ယ်ယူဖတ်ရှုကြကြောင်းလည်း စာဖတ် ပရိသတ်များက ပြောသည်။
စာဖတ်ပရိသတ်တဦးဖြစ်သူ ကိုမျိုးလွင်က“ကျနော်တို့ အလုပ်ရှုပ်တဲ့အခါ အင်တာနက်ကိုသွား မဖတ်နိုင်ဘူး၊ ဂျာနယ်တွေကိုပဲ အားကိုးရတာပေါ့၊ ဒါပေမယ့် ဂျာနယ်တွေရေးသားထားတာက မပွင့်လင်းဘူးဗျ၊ ဂျာနယ်တွေက မြန်မာနဲ့ လုပ်စားနေတော့ မြန်မာလူမျိုးတွေ ဘယ်လို ဒုက္ခရောက်တယ်ဆိုတာတွေကို ရေးစေချင်တယ်”ဟု ဆို သည်။
လက်ရှိဖတ်ရှုလျက်ရှိသော ဖေးဘရိတ်သတင်း ဂျာနယ်သည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော်လည်း နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်များထည့်သွင်းထားသည့် အပြင် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြလေ့ ရှိသော “လောက်ကိုင်မှာ သာတဲ့လ” ဆောင်းပါးကို ထည့်သွင်းထားကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး မှန်ကန်စွာ သိချင်ကြောင်း၎င်းက ဆက်ပြောသည်။
“အားကစားဂျာနယ်တွေက ဘောလုံးအကြောင်းအဓိကထားရေးတယ်၊ တချို့က အလောင်းအစားကို အဓိကထား ရေးကြတယ်၊ ပြီးတော့ ရှိစုမဲ့စုနဲ့ အလောင်းအစားလုပ်တော့ ရှာထားတဲ့ပိုက်ဆံကုန်သွားတာလည်း တွေ့ရတယ်၊ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေက သံရုံးကို ဖားပြီးရေးထားတာတွေလည်းတွေ့ရတယ်၊ သတင်းအမှန်ကို သိပ် မသိရဘူး”ဟု ကိုမျိုးလွင်ကပြောသည်။
မလေးရှားနိုင်ငံတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမားများ အတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ ဒေသခံများက ရွှေ့ပြောင်း အလုပ်သမားများအပေါ် ငြိုငြင် မှုကိုလည်း ရင်ဆိုင်ကြရ၍ လူမှုဆက်ဆံရေး ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။
မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့်တွင် မြန်မာပြည်သား ၂၈၀၀ ခန့် ရှိသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် အဆိုပါ ထိန်းသိမ်းခံနေရသော မြန်မာပြည်သား များကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

အပြည့်အစုံသို့...

မိုဘိုင်းလ်ဖုန်းများ အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်ချေတိုး

ခေတ်သစ် ယန္တယားများ၏ အန္တရာယ်သစ် ဖြစ်သော မိုဘိုင်းဖုန်း အချိန်ကြာမြှင့်စွာ သုံးစွဲနေသော အမျိုးသမီး တဦး © ( မေးလ် အွန်လိုင်း ဝဘ် )
မိုဘိုင်းလ် ဖုန်းများကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းသည် ကင်ဆာရောဂါ ဖြစ်နိုင် ချေကိုတိုးပွား လာစေကြောင်း ပညာရှင် များက ပြောကြား လိုက်ကြပြီ ဖြစ်သည်။
ဆယ်စုနှစ် တခုမျှ ကြာအောင် သုတေသန ပြုလုပ်ခဲ့ပြီး နောက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က မိုဘိုင်းလ် ဖုန်းကြောင့် ဦးနှောက် အတွင်း အကြိတ်များ ဖြစ်ပေါ်နိုင်ချေ မြင့်မား လာကြောင်း တရားဝင် ကြေညာ ခဲ့သည်။

WHO သည် ယခု စစ်တမ်းအတွက် နိုင်ငံပေါင်း (၁၃)ခုမှ လူပေါင်း ( ၁၂၈၀၀)၏ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် ကျန်းမာရေး ဆက်စပ်ပုံကို စံနစ်တကျ လေ့လာ ခဲ့ကြသည်။ WHO ၏ တွေ့ရှိမှုက မိုဘိုင်းလ်ဖုန်း အသုံးပြုသူ များသည် Glioma ခေါ် ဦးနှောက် ကင်ဆာကို ဖြစ်ပေါ်စေသည့် အကြိတ် တမျိုး ဖြစ်ပွားရန် သာမန်လူ များထက် ပိုမို နီးစပ်ကြောင်း ညွှန်ပြနေသည်။
WHO ၏ တွေ့ရှိမှုကို အခြေခံကာ Daily Telegraph သတင်းစာက မိုဘိုင်းလ် ဖုန်းနှင့် ကင်ဆာရောဂါ ဆက်စပ် နေကြောင်းကို ဖော်ပြခဲ့သည်။ WHO ၏ သုတေသနဌာန အကြီးအကဲ ဒေါက်တာ အဲလိစဘက်ကာဒစ် ကလည်း ထိုသတင်းကို ထောက်ခံချက်ပေးပြီး ကလေးငယ်များကို မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းမှ မိဘများအနေနှင့် တားမြစ် သင့်သည်ဟု အကြံပြုခဲ့သည်။
ပြည်သူများ အနေနှင့် ယခုကိစ္စကို ကျန်းမာရေး ဗဟုသုတအဖြစ် သိထား သင့်ကြောင်းလည်း ဒေါက်တာအဲလိစဘက် ကဆိုသည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းကြောင့် ကျန်းမာရေး အတွက် ထိခိုက်မှု ရှိမရှိသည် နှစ်ပေါင်းများစွာ အငြင်းပွား နေရသည့် ပြဿနာတခု ဖြစ်သော်လည်း ယခုအခါ WHO ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းကြီး ကိုယ်တိုင်က ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် သတိပေး လာရခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

စီးပွားရေးကျဆင်းမှု့ဒဏ် ဗမာစစ်တပ် မရူ့မလှခံနေရ တနင်္လာနေ့၊ 05 ဇန်န၀ါရီ 2009 စိုင်းအောင်

မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြ သော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိုတားဆီးကာ ငွေတောင်းယူသည်ကိုတော့ ထူးဆန်းမှု့တစ်ခုအဖြစ် မြင်တွေ့ ကြရမည်ဖြစ်သည်၊၊

ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းတွင်ဖြစ်သည် ယခုရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နားရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃)နေရာ ဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီးယာဉ်ငယ်မှန်သမျကို တစ်စီးလျင် ကျပ်(၅၀၀) နူန်း ကောက်ခံ နေသည်၊၊
ဂိတ်ဖွင့်ထားသည့် လမ်းက အချက်အခြာကျသည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျားပိုင်းတနိုင်းနှင့် မိုးညှင်း မိုးကောင်း ဖားကန့် ရွေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျင်ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့်ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင်ကောက်ခံနေခြင်းဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊
ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယနœရားကြီးတစ်ခုလုံးအပေါ် ယခုဖြစ်စဉ်များသည် သာမန်မျှ သာဖြစ်သည်ဟု ယူဆမည် ဆိုပါကယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့များသည် ကိုယ့်ပြသနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒကတက်စရာရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ် အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ်ပေါ်နေသည့် ပြယုတ်တစ်ခုအဖြစ် ရူ့မြင်သူများလည်းရှိသည် ၊၊
မကြာသေးမှီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ်ဒေသများမှ တရားမ၀င် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့်ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘÀာကိုဖြည့်တင်း နေခြင်းက ၄င်းတို့၏ ငွေကြေးလိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊
ယခုအခါ ထိုငွေရေးကြေးရေးအကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေးကို ရိုက်ခတ်လာပြီ ဖြစ်ကာအခက်အခဲ ပိုမိုကြုံတွေ့ လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်းစည်းကမ်းနှင့်တာဝန်ဝတ္တရားများကို စိတ်ဝင်စား နိုင်ခြင်း မရှိကြတော့ပဲ ပြင်ပ၀င်ငွေရပေါက်ရလမ်းများကိုသာ ရှာကြံနေရသည်ဟု စစ်အရာရှိများနှင့်စီးပွားရေး အတူလုပ်နေသူ တစ်ဦးက ပြောသည်၊၊
တစ်လလျင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန်အထက်ဌာနများက အတင်းအကြပ်
ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်းများက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင် ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊
တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသူက
တစ်လလျင် ကျပ်(၃)သိန်းမှ(၅)သိန်းကြား တပ်ရင်းမှူးအားပေးသွင်းရပြီး တပ်ရင်းမှလည်း ရင်းရံပုံငွေထည့်ဝင်ရန် အာမခံချက် ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်းများလုပ်ပိုင်ခွင့် ပေးထားရသည်၊၊
တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ၄င်းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်းအချိုးကျဖြတ်တောက်ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိ တက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများကိုယ်တိုင်ရှာကြံကြရခြင်းဖြစ်သည် ၊၊ အဓိက ၀င်ငွေ ရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်ထင်းခုတ်ဝါးခုတ် စသည့် လုပ်ငန်းများ ကိုပါဝင်ငွေ ရရှိရန် အလို့ငှာ လုပ်ကိုင်ကြရသည် ၊၊
တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပ၀င်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း)အ၀တ်လျော်ခြင်း သန့်ရှင်းရေး လုပ်ခြင်း ဈေးရောင်းခြင်းများ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည် ၊၊ ထိုသို့ပင်ပန်းဆင်းရဲကြီးစွာလုပ်နေရသည့် တိုင်ဝမ်း မ၀ခါး မလှနိုင်ပဲ ဖြစ်နေကြရသည်၊၊
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံများ၏ ကျွဲနွားများကိုခိုးယူ သတ်ဖြတ် စားသောက်ကြကာ တချို့ကအသားခြောက်များလှမ်း၍ မြစ်ကြီးနားဈေးကြီးတွင် ဆတ်သားခြောက် ဟု လိမ်လည် ရောင်းချသည် အထိ သောင်းကျန်းလာကြသည် ၊၊
ယခုပို၍ သိသာလာသည်က တရားမ၀င်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှု့တွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်လုပ်ကိုင်လာကြ
သည် ထော်လာဂျီ ဆိုင်ကယ် ၀စ်သောက်ကား စက်ပစ္စည်းများအပြင် ကျောက်စိမ်း သစ်နှင့်အခြားကုန်ပစ္စည်းမျိုးစုံခိုးသွင်းခိုးထုတ် ရာတွင် ယခင်က အရပ်သားကိုယ်စားလှယ်များက လမ်းကြောတစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်း နေရာတွင် ယခုစစ်ဘက်အရာရှိများကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊
ဗိုလ်မှူးများ မှောင်ခိုလောကတွင်နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သားစီးပွားရေး လောကသားများ ဘုံပျောက်ဘ၀ရောက်သွားကြလေပြီ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်း အချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါဝါရှိသည်ကတစ်ကြောင်း ပို၍အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊
တရုတ်ထော်လာဂျီတစ်စီး မနœလေးထိသွားမည်ဆိုလျင် မြန်မာကျပ်ငွေသိန်း(၂၀)ခန့်ပေးကျွေးရကြောင်းလည်း စီးပွားရေးသမားများ က ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့်ထိစပ်လာသည့် စစ်ဗိုလ်စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘ၀တူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြသည် ဘီယာလေးတမျှမျှ မိုဘိုင်းဖုန်းတကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူများဖြစ်လာပြီး ရရှိသည့်ဝင်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက် စီးပွားရေးလုပ်ငန်းများ ထူထောင် ထားကြသည် ၊၊
အထက်ဌာနများနှင့် နားလည်မူ့ယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့်မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည် ၊၊သစ် နွား ဘိန်းမှောင်ခိုသမားများနှင့် ရွေကျင်းကျောက်ကျင်းများတွင် တရားမ၀င် အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့သည် ကျိကျိတက်ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ် နေကြတော့သည် ၊၊
နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ ထော်လာဂျီများ ဆိုင်ကယ် သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး နောက်မှတသွယ် လိုက်လံငွေတောင်းရမ်းကြရသည် ၊၊တပ်တွင်းတချို့မိသားစုများက
တော့ ဘော်လုံးပွဲ ၂လုံး ၃လုံးဟုခေါ်သော လောင်းကစားများတွင် ဒိုင်ခံခြင်း ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်၊၊
စစ်တပ်ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအ၀င် နအဖစစ်ကောင်စီဝင်ဆွေမျိုးမိသားစု အသိုင်း အ၀ိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်ဝါးမြိုထားသဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံး က မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရားရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည် ၊၊
စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေ တပ်သားထုနှင့်မိသားစုများမှာ စစ်သူတောင်းစားများဘ၀ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ်ကြီးများကတော့ တိုင်းပြည် စီးပွား ရေး တိုးတက်နေကြောင်း ဆက်လက်လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည်၊၊

အပြည့်အစုံသို့...

စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

> ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပိုင်ဆိုင်မှု စာရင်းများ တင်ပြရန်
> တောင်းဆိုမည့် သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ နာဂစ်
> အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့
> အမတ်လောင်းတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို
> တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့်
> စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ
> ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့်
> ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင်
> တုန်လှုပ်ခြောက်ခြားနေကြပါတယ်။
>
> လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေအနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့
> တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ်
> တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့်
> သူထည့်သွင်းထားပြီး ကိုယ်လွတ်ရုန်းဘို့ စီစဉ်ထားတာကြောင့်လား။
> (သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲကို သူက ကျင်းပပေးမယ်လို့ ကမ္ဘာသိ
> ပြောဆိုထားတာကြောင့် တပ်ချုပ်ကြီးက ဒီလိုကင်းလွတ်ခွင့်ကို လက်မခံဘဲ
> ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့မိသားစုရဲ့ ခိုးဝှက်၊ လုယက်၊
> အနုကြမ်းစီး၊ ဓါးပြတိုက်ရာက ရလာတဲ့ကြွယ် ဝချမ်းသာမှုစာရင်းကို
> မချွင်းမချန်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က တဆင့် မြန်မာပြည်သူလူထုကြီးကို
> အသိ ပေးလိမ့်မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေပါတယ်။)
>
> စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ် ကျင့်သုံးနေကြတဲ့
> ပြည်သူလူထုက လွတ်လပ်စွာရွေး ကောက်တင်မြောက်ထားတဲ့ အစိုးရတိုင်းဟာ
> မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိပ်ပြာသန့်သန့်နဲ့ ပြည်သူလူထုကို
> ကြေငြာတင်ပြရဲပါတယ်။ ဒီလိုအလေ့အထတွေကို မြန်မာ စစ်အာဏာရှင်ကြီးများ
> ဂါဝရတရားအပြည့်ရိုသေ ကိုင်းရှိုင်းအလေးထားတဲ့ တရုတ်နိုင်ငံမှာတောင်
> စတင်ကြင့်သုံးနေပါပြီ။ အိမ်နီးချင်းနိုင်ငံအချို့မှာလည်း ဒီလို
> ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ပြည်သူလူထုကို ကြေငြာတင်ပြနေကြတာ
> ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ဒီမို ကရေစီစနစ် ခိုင်မာနေပြီဖြစ်တဲ့
> နိုင်ငံ အတော်များများမှာတော့ ဒီအလေ့အကျင့်က အဆန်း မဟုတ်တော့ပါဘူး။
>
> ၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊
> ကာကွယ်ရေးဦစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ
> ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ
> စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို
> ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့
> စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)
>
> ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။
> တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။
> မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။
> ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း
> ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။
> ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ
> ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ
> အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ
> တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ
> နာမည်ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech
> ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ (
> စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။
>
> ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊
> တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း
> အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊
> Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို
> လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို
> ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ
> ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့
> အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့
> မရနိုင်အောင်ပါဘဲ။
>
> ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့
> တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး
> သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင်
> ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ
> ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ
> အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး
> ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။
> ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း
> (၁၀၀၀) ခန့်ရှိပါတယ်။
>
> ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့
> ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင်
> ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း
> (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ
> မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။
> ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ်
> နိုင်ပါတယ်။
>
> ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို
> မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့်
> ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ
> ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း
> တင်ပြအပ်ပါတယ်။
>
> လေးစားစွာဖြင့်၊

အပြည့်အစုံသို့...

Monday, January 18, 2010

မေ့ဆေးစားကြသူများ သောကြာနေ့၊ 03 အောက်တိုဘာလ 2008 ကျော်သောင်း

ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် အာဏာရှင်ဦးနေ၀င်း ၂၆ နှစ်ကြာထင်သလို ချယ်လှယ်အုပ်ချုပ်လာခဲ့သော မဆလ တစ်ပါတီ အာဏာရှင် စနစ်ကိုဗုန်းဗုန်း လဲစေခဲ့သော်လည်း အတိုက်အခံတို့ဘက်မှ ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ် အဖေါ်ဆောင်နိုင်ခဲ့သဖြင့် စစ်တပ်၏အာဏာသိမ်းခြင်းကို ခံခဲ့ကြရသည်၊၊ လူထုအုံကြွမှုကြီးအတွင်းကျောင်းသားပြည်သူ ရဟန်းရှင်လူ များစွာအသက် ပေးခဲ့ကြရသည်။ ဘ၀ပေါင်းများစွာ ပျက်စီးခဲ့ကြရုံမက အချို့မှာ မိသားစုနှင့်ခွဲခွာ၍ လွတ်မြောက်နယ်မြေ အသီးသီး သို့ရှောင်တိမ်းလာခဲ့ကြသည်။ ရှောင်တိမ်းမရ လိုက်သူများနှင့် ပြည်တွင်းမှာထောင်ပဲ ကျကျ၊ အသက်ပဲသေသေ အာဏာရှင်ကို အနီးကပ်တိုက်မည်ဟူသော ရဲရင့် တောက်ပြောင်သောသူရဲကောင်း ရှစ်ဆယ့်ရှစ် သတ္တိရှင်အဖွဲ့ဝင်များးထောင်ကျခံ၍ ပြည်တွင်းတွင် ကျန်နေခဲ့ကြသည်။

ကျောင်းစိမ်းလုံချည်ဝတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ဆောင်ရင်း၊ ကျောင်းသားကြီးများ၏ရှေ့ မှချီတက်လာ ကြသော မူလတန်း အလယ်တန်းကျောင်းသူ ကျောင်းသားငယ်များက သေနတ်ကိုင် စစ်ဗိုလ်စစ်သားများကို“ဗိုလ်ကြီးတို့ရယ် ကိုကိုကျောင်းသားတွေနဲ့ မမကျောင်းသူတွေကို မပစ်ကြပါနဲ့ ကျနော်တို့ကျမတို့ ရှိခိုးတောင်းပန်ပါတယ်” ဆိုပြီး ငိုယိုပြောဆိုနေတဲ့ကြားက ပစ်သတ်လိုက်တဲ့ မြင်ကွင်းတွေဟာ မျက်စိထဲက မထွက်နိုင်၊ အပြစ်မဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူများကို ရက်ရက်စက်စက် သတ်ဖြတ်ရဲသော အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ကိုလက်နက်ကိုင်ပြီး တိုက်မှရတော့မယ်လို့ ဆုံးဖြတ်ပြီး ပညာတတ်တွေ အပါအ၀င် လူငယ်ရွယ်များစွာ တောထဲရောက်လာကြခဲ့ကြသည်။ ရှစ်လေးလုံး နောက်ပိုင်းမှစ၍ စစ်အာဏာရှင်များကို နည်းမျိုးစုံနှင့်တော် လှန်ရင်း နယ်စပ်သို့ အသီးသီးရောက်ရှိလာခဲ့ ကြသည်။ ထိုမျှမက စစ်အစိုးရ၏ မဟာဗျူဟာမြောက်အမြစ်ပြတ် ချေမှုန်း ခြင်းကြောင့်နိုင်ငံရေးပါတီမှ နိုင်ငံရေးသမားများ၊ ၉၀ ပြည့်ရွေးကောက်ခံ အမတ်များလည်းရောက် လာခဲ့ကြသည်၊၊

ဒီပဲယင်း လူသတ်ပွဲ နှင့်၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင်လည်းလွတ်မြောက်နယ်မြေသို့ မြန်မာ အတော်များများ ရောက်လာခဲ့ကြရုံမက ပြီးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း တွင်းလည်းမြန်မာ လူမျိုးများ အမြောက်အမြား ထပ်မံရောက်ရှိလာခဲ့ကြသည်။ အလားတူ စီးပွါးရေးကျပ်တည်းမှု၊ နှင့်စစ်အစိုးရ၏လူမျိုး တုံးသတ်ဖြတ်မှု ပြည်တွင်းစစ်တို့ကြောင့် အရှေ့အနောက် မြန်မာနယ်စပ် တလျှောက် မြန်မာနိုင်ငံသားများစွာရောက်ရှိ နေကြပြီးဖြစ်သည်၊၊

ထိုသို့ ရောက်ရှိလာကြသော နိုင်ငံရေး၊ စစ်ရေးကြောင့်၊ အနောက်နိုင်ငံကြီးများက တတိယနိုင်ငံများတွင်အခြေချနေထိုင် ခွင့်ပြု ခြင်းစီမံကိန်းအရ ၂၀၀၅ ခုနှစ်မှစ၍ ဒုက္ခသည်များကို လက်ခံခဲ့သည်မှာ ယခုနောက်ဆုံးစါရင်း အရမြန်မာနိုင်ငံသား ပေါင်း သောင်းဂဏန်းအထိ အခြေချ နေထိုင်နေကြပြီးဖြစ်သည်။ နိုင်ငံတကာ မိသားစုများ၏ စေတနာ မေတ္တာများမှာ အထူးသာဓုခေါ်စရာ ကောင်းပါသည်။ သို့သော် သာဓုမခေါ်ချင်သူများမှာ “မေ့ဆေးစားကြသူများ” သာဖြစ်သည်။

အမှန်တကယ် နယ်စပ်တွင် လုံခြုံရေးအခြေအနေတို့ကြောင့် တတိယနိုင်ငံများသို့ ထွက်ခွာသွားကြသူများ အနက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသော ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ စစ်အစိုးရ ရက်စက်ယုတ်မာမှုများနှင့် နိုင်ငံတကာ မိသားစုများ၏ သနားကြင်နာမှုများကို အခွင့်ကောင်းယူပြီး တတိယနိုင်ငံများသို့ ဒုက္ခသည် လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများ အမြောက်အများ ထွက်ခွာသွားကြပြီးဖြစ်သည်။ မိသားစုတစ်ခုလုံးက တတိယနိုင်ငံများသို့ခေါ်ယူ ခဲ့ကြသည်။ ထိုထက်ဆိုးသည့် လိမ်လည်မှုမှာ မျိုးနွယ်နှင့်ချီ၍ ရောက်ရှိ နိုင်ရေးအတွက် အပတ်တကုတ် ကြိုးစားနေသည့် အဖွဲအစည်းများရှိနေကြသည်။ ဤသို့တတိယနိုင်ငံ ထွက်ခွာရေး အတွက် ထိုင်းနယ်စပ်တွင်ဈေးကွက်ကြီးတစ်ခုဖြစ်နေ ပါသည်။

စစ်ဗိုလ်များ၊ အစိုးရ၀န်ထမ်းများ အပါအ၀င် ငွေကြေးတတ်နိုင်သူများ နိုင်ငံရေးနှင့် လုံးဝ (လုံးဝ) မပတ်သက်ဖူးသူများ အမြောက်အမြား တတိယနိုင်ငံများသို့ ပျော်ရွှင်စွာထွက်ခွာသွားပြီး၊ ထွက်ခွာ နေကြဆဲဖြစ်သည်။မိမိတို့ငွေကြေးတတ်နိုင် ၍ သိန်းပေါင်းများစွာ အကုန်အကျခံပြီး ထွက်ခွာသူများနှင့် ဒုက္ခသည်လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများကို အားပေးကူညီကြသူများမှာ၊ ဒုက္ခသည် စခန်းတာဝန်ခံများနှင့် ဒေသအခြေစိုက်ယူအန် အရာရှိများနှင့် ပွဲစားများ၊မျိုးရိုး နှင့်ချီ၍ နိုင်ငံကြီးများသို့ ရောက်ရှိ ရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလျက်ရှိ နေကြဆဲဖြစ်သည်၊၊

ကျနော်တို့ မျက်စေ့ရှေ့ကပင်၊ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ တွင် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများနှင့် တစ်ကြိမ် တစ်ခါမှ မပါဖူးကြသူများ၊ ဘန်ကောက်တွင် အလုပ်လုပ်နေရင်း (ဒေါ်အောင်ဆန်းစုကြည် စီး သောကားကို မောင်းသော ကားမောင်းသမား၏ သားသမီး ဇနီးလုပ်လိုက်ကြသူများ၊ ရခိုင်မှာ ဆင်ဖြူဖမ်းစဉ်ပေါ်တာဆွဲခံရလို့ ဆိုသူကဆို၊ ဒီပဲယင်းမှာ ပါဝင်ခဲ့သည်ဟု ပြောလိုကပြော၊ထိုင်းကို ရောက်မှ အင်န်အဲလ်ဒီနှင့် ဆွေမျိုးစပ်သူကစပ်၊ ရွေးကောက်ပွဲအနိုင်ရ အမတ်မင်းများ၏ မိသားစုဖြစ်သူကဖြစ်၊) လိမ်သွားလိုက်ကြသည်။

အမေရိကန်ကို ရောက်ရှိသွားပြီဖြစ်သော ကျနော့်မိတ်ဆွေ တစ်ယောက်က “ကမ္ဘာမှာ အဆင့်မြင့် ပညာတွေလည်းတတ်၊ အကောင်းဆုံး အဆောက်အဦးကြီးတွေနဲ့ လိမ်လို့ရတာ ယူအင်တစ်ဖွဲ့ပဲရှိတယ်” လို့ပြောဖူးပါတယ်။ သူသည်ကြုံရာလုပ်၊ သောက်စားပျော်ပါးပြီးနေသွားသော လူငယ်တစ်ဦးသာဖြစ်သည်။ ၂၀၀၄၊၂၀၀၅ ပတ်ဝန်းကျင်က ယူအင်ခေတ်ကို မီလိုက်သူများ ဘန်ကောက်မှာ အထူးကောင်းစားခဲ့ကြသည်။ ယူအင်အောင်ပြီး သူများနှင့် လက်ထပ်၍လည်း တတိယနိုင်ငံများသို့ ရောက်ရှိသွားကြသည်။
မည်သည့်နည်းနှင့်ရောက်ရောက်၊ တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူဟူသမျှ၊ လူ့အခွင့်အရေးချိုးဖေါက်ခံနေ
ရသော မြန်မာနိုင်ငံကို လက်ညှိုးထိုးပြီး ရောက်ရှိသွားကြသူများ ချည်းဖြစ်သည်။ ဤသူများသည် နိုင်ငံရေးကိုခု
တုံးလုပ်၊ အကြောင်းပြပြီး ရောက်ရှိသွား ကြသူများဖြစ်ကြသည်။ ဗိုလ်သန်းရွှေတို့ အုပ်ချုပ်နေ၍ ငါတို့အလကား
ရောက်ကြရသည်ဟု ဆိုသူများပင်ရှိကြသည်၊၊

“တတိယနိုင်ငံသို့ ထွက်ခွာခါနီးသူတို့ ပြောလေ့ပြောထရှိသော စကားများမှာ”
(၁) ငါဟိုမှာ နိုင်ငံသားဖြစ်ပြီးရင် ချက်ချင်းထိုင်းကိုပြန်လာပြီး စစ်အစိုးရကိုပြုတ်အောင်တိုက်မယ်။
(၂) ငါ ဟိုကိုရောက်ရင် ငါတို့အဖွဲ့အတွက် လိုအပ်တာဟူသမျှငါ ထောက်ပံ့မယ်။
(၃) မင်းတို့ တော်လှန်ရေး ဆက်လုပ်နေလိုက်ကြ ငါ ဟိုကို ရောက်ရင် မင်းတို့ကို စပွန်ဆာပေးမယ်။
(၄) ငါ မင်းတို့နဲ့အတူနေခဲ့၊ ငတ်ခဲ့တာတွေ ဘယ်တော့မှမမေ့ဘူး။ ငါ အဆင်ပြေတာနဲ့ မင်းတို့အဆင်ပြေ
စေရမယ်ငါ ကတိပေးတယ်၊၊

တတိယနိုင်ငံများသို့ ရောက်ရှိကြသူများသည်၊ ရောက်စက တစ်ခါတစ်လေဖုန်းဆက်တတ် ကြသော်လည်းလမှသည် နှစ်သို့ ပြောင်းလာသောအခါ အချို့မှာ ထိုင်းမှာ ကျန်နေခဲ့သော သူငယ်ချင်းများ၏ အမည်ကိုမမှတ်မိ တော့ချေ။ အင်တာ နက်ပေါ် တွင်တွေ့၍ ဂျီတော့ (ကွန်ပျူတာစာရိုက်ပြောစနစ်) ဖြင့်နုတ်ဆက်ပါက အလုပ်များကြောင်း စာရေး၍ပြန်ပြော တတ်ကြသည်။
နိုင်ငံကြီးများက ဖုန်းစရိတ်သက်သာသော်လည်း ဖုန်းမဆက်တော့ပေ။ ထိုင်းမှဆက်သော်၊ ကားဝယ်ထား ၍ကြွေးတင် နေကြောင်း၊ မြန်မာပြည်က မိမိနေရပ်မှာ အိမ်အသစ်ဆောက်နေကြောင်း၊ လုပ်ငန်းတစ်ခုလုပ် နေကြောင်း၊အကြွေးများ ရှိကြောင်း သာပြောတတ်ကြပါသည်။ အချို့က ပြောကြသည်မှာ အဖွဲ့ကိုထိမ်းထားပါ။ ကျနော်တို့ နောက်ကူညီပါမည်နှင့် ရှောင်လင်စကားများကို တွင်တွင်ပြောလျက် တော်လှန်နယ်မြေတွင် ကျန်နေခဲ့ကြသော မိခင်အဖွဲ့အစည်း၊လုပ်ဖေါ် ကိုင်ဘက်များကိုတဖြည်းဖြည်း အဆက်အသွယ် ဖြတ်တောက် သွားကြသူကများသည်။
တတိယနိုင်ငံသို့ ရောက်ရှိသွားသော လုပ်ဖေါ်ကိုင်ဖက်များက အမြဲထောက်ပံ့၍ ရပ်တည်နေရသော အဖွဲ့အစည်း၊ စာအုပ် စာစောင်းဟူ၍မရှိသလောက်ရှားသည်။
ကျနော်နှင့် အထူးခင်မင်သော ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို လုပ်နေသော မိတ်ဆွေတစ်ယောက်က၊ ကျနော့်ကိုပြောဖူးသည်။ “တတိယနိုင်ငံကို ဒုက္ခသည် လျှောက်ပြီးရောက်သွားကြတဲ့လူတွေဟာ၊ သူတို့ တတိယနိုင်ငံကိုထွက်ခွာစဉ်၊ စီးသွားတဲ့ လေယာဉ်မှာ အစားအစာတွေ ကျွေးမွေးရာမှာ မေ့ဆေးပါတယ်။အဲဒီ မေ့ဆေးကတော့၊ ငါဘာကြောင့် ဒီလိုတိုးတက်တဲ့ နိုင်ငံကို ရောက်လာသလဲ ဆိုတာကို မေ့တဲ့မေးဆေးပါ” ဟူ၍ကျနော့်ကို ပြောပါသည်၊၊
အချို့ဆိုလျှင်၊ ဒုက္ခသည် အဖြစ်ရောက်သွားသည်ဟု မထင်တော့ပဲ မိဘချမ်းသာ၍ တရားဝင်ပတ်စပို့ဖြင့်ရောက်လာသလို၊ မိမိနိုင်ငံရေးကို အကြီးအကျယ် လုပ်လာသဖြင့် ရောက်လာသလို၊ မိမိတော်လွန်း၍ ရောက်လာသလို အပေါက် မျိုးချိုး ကြကုန်သည်။ ထိုင်းမှာ ကျန်နေခဲ့ကြသူများကို ဆက်သွယ်ပါက တစ်ခုခု အကူအညီပေးရမည်ကို စိုးရိမ်၍ တော်ရုံနှင့် အဆက်အသွယ် မလုပ်လိုကြတော့ပေ။ သြော်ထိုသို့သော သူများကို မေ့ဆေးစားကြသူများ ဟူ၍မှတ်ချက်ပြုနေမိတော့ သည်။

အပြည့်အစုံသို့...

အရိပ်မျှပင် မမြင်ရသေးသော ပြောင်းလဲမှုကို ရင်ခုန်နေသူများသို့ ဆောင်းပါးရှင်- ဝေဟင် (ပြည်တွင်း တပ်မတော်လေ မှ အရာရှိတစ်ဦး)

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် တပ်မတော် (လေ) မှ အရာရှိ ဝေဟင်က စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့

ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့လာပါတယ်။ ဒီဆောင်းပါးမှာ အခြေခံဥပဒေ အတည်ပြုရန် ဆန္ဒမဲပေးခဲ့ရတဲ့အတွေ့အကြုံ သင်ခန်းစာ များကို ဖော်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မစတင်မီ ပြည်သူလူထုနှင့် တပ်မတော် သားများ ချင့်ချိန်သုံးသပ် နိုင်ကြစေဖို့ တင်ပြထားပါတယ်။ ရွေးကောက်ပွဲအပြီး နောက်တက်လာမဲ့ အရပ်သား အစိုးရလက်ထက်မှာ တပ်မတော် သားများ အနေနဲ့ အနာဂတ် လုပ်ဆောင်ရမယ့် အရာတွေကို စစ်အာဏာရှင်တွေက ပီပီပြင်ပြင် ပြောဆိုခြင်း မရှိသေးပုံ တွေကိုလည်း တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်က ပင်တိုင်ဆောင်းပါးရှင် ဝေဟင် အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ပြည်တွင်း အင်တာနက်သုံးစွဲသူ ညီနောင်များစွာတို့သည် ဘန်းကျော်အရပ်ပီသစွာ အတားအဆီးမျိုးစုံနှင့် ရင်ဆိုင်နေကြရ ပါသည်။ စောင့်ကြည့်မှု များစွာကို ကျော်ဖြတ်ကာ အားပေးကြရသော တပ်တွင်းမှ ညီနောင်များအတွက် လုံခြုံရေးကို အထူး ဂရုပြုကြစေ လိုပါသည်။ ပြည်သူများထံ တပ်တွင်းဖြစ်စဉ်များအား အလုံခြုံဆုံး နည်းလမ်းမှ ပေးပို့ တင်ဆက်နေသော ကျွန်တော်ပင်လျှင် နောက်ကျော မလုံပါ။ သို့သော်လည်း အမိ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးအတွက် သဲတစ်ပွင့်မျှ တာဝန်ကျေလျှင် ဟူသော ဆန္ဒဖြင့် နည်းလမ်းရှာ တင်ပြအပ်ပါသည်။

အပြည့်အစုံသို့...

ကြံ့ဖွတ်များရဲ့ အရိပ်အောက်မှာ ဇောချွေးပြန်နေတဲ့ မဲရုံမှူးရဲ့ ဘဝ


လောကနိယာမ တရားအရ ပြောင်းလဲမှုကို လူတိုင်း စမ်းသပ်တွေ့ထိ လိုကြစမြဲ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံလို အဘက် ဘက်က ဖိနှိပ်မှုနှင့် နိမ့်ကျနေရသော ပြည်သူတို့အဖို့မူ ပြောင်းလဲမှုကို ပိုမို ရင်ခုန်နေကြသည်မှာ လောကသစ္စာ မှန်သော မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။ ပြည်သူတို့နှင့် ထပ်တူခံစားနေရသော တပ်တွင်းမှ အရာရှိ/ စစ်သည်များ မိသားစုဝင်များ သည်လည်း ဤပြောင်းလဲခြင်း ဆိုသည်ကို မျှော်လင့်နေကြပါသည်။

စစ်အစိုးရ လက်ထက်ရောက်မှ စစ်ဝတ်က မပြည့်မစုံ၊ ရိက္ခာမှာတောင် တပ်၏ ပြယုဂ် ဖြစ်သော “ကုလားပဲ” ကိုတောင် မပေးနိုင်၊ လစာနဲ့ ကုန်ဈေးနှုန်းက အပြေးပြိုင် အမှီ မလိုက်နိုင်၊ တပ်သက်သာချောင်ချိရေး ဆိုပြီး စီမံချက်ပေါ်က စိုက်/မွေး ပြန်တမ်းတွေအတွက် ခွဲတမ်းချ စိုက်ကြ မွေးကြရ ဒုက္ခအ၀၀၊ ပလူပျံနေတဲ့ သင်တန်းမျိုးစုံကို စစ်သည်ရော မိသားစုဝင် တွေပါ တက်နေကြရတော့ မလောက်မငှနဲ့ လစာကကုန်… ဒီ အဖြစ်တွေကနေ လွတ်အောင်တော့ တခုခု အပြောင်းအလဲ ဖြစ်ရင်တော့ ကောင်းရဲ့လို့ မျှော်လင့်နေကြ ရတာတော့ အမှန်ပါ။

တပ်ထဲမှာ ဒီလိုဖြစ်နေတာကို တပ်ချုပ်ကြီးခမျာ နိုင်ငံရေးတာဝန်တွေပါ ဆောင်ရွက်နေရလို့ မသိရှာတာနေမှာ၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်မှာပါ။ နောက်တက်မယ့် အရပ်သားအစိုးရကို အာဏာလွှဲပေးပြီးရင်တော့ တပ်ကိစ္စ တွေ ပိုဆောင်ရွက်နိုင်မယ်လို့ တွေးထင်ကြလို့တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေး ဖြစ်ရင်တော့ ဒီအဘိုးကြီးတွေအစား နောက်လာမယ့် သူတွေကတော့ ကောင်းအောင် လုပ်တန်ကောင်းရဲ့လို့ မျှော်လင့်မိကြတာပါ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဟန်ပြပဲ ဖြစ်မယ်ဆိုတာ တပ်ထဲကလူတိုင်း နားလည်နေကြလို့ပါ။ သက်သေရှိလို့လားလို့ မေးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ဖြစ်စဉ်နဲ့ ရှင်းပြပါဦးမည်။

ကိုဖိုးတရုတ်မှ.........

အပြည့်အစုံသို့...

Sunday, January 17, 2010

မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန်ဝန်ထမ်း များ ပြည်သူ၏ မျက်နှာကိုမကြည့်ဘဲ တဘို့တည်းသာကြည့်နေခြင်း…………













အပေါ်မှာရေးထားသောစာသားများသည် အကောက်ခွန်ဝန်ထမ်းများအဖို့
တော့ရှက်ရမည့်အစား ပန်းနှင့်ပေါက်နေသလိုပင်ဖြစ်နေပါလိမ့်မည်...
အကောက်ခွန်ဌာန၏ အမျိုးမျိုးသောလာဘ်စားမှုများသည်
မည်သူ့ကိုထိခိုက်စေသနည်း..မည်မျှထိ ဆိုးကျိုးထိရောက်သနည်း…ဒီမိုမီဒီယာတွေ
ဘာကြောင့်ဒီအကောက်ခွန်တွေရဲ့လာဘ်စားမှုတွေ အမြဲလိုလို ထောက်ပြနေရတာလဲ..
အဲဒါ တွေကိုမရှင်းမီ အခုမြ၀တီမှာကြည့်မကောင်းအောင်မြင်နေရသော တရားမ၀င်
ပစ္စည်းသယ်ယူမှုကို ကြည့်ပါလေ..မြင်တတ်သူတိုင်းမြင်ပါလိမ့်မည်…

- လျှပ်စစ်ပစ္စည်းအမျိုးမျိုး
- အထည်အလိပ်အမျိုးမျိုး
- ဂတ်စ်အိုးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ကားနှင့်ပတ်သတ်သည့်စက်ပစ္စည်းအမျိုးမျိုး
- အလှကုန်အမျိုးမျိုး
- လူသုံးကုန်ပစ္စည်းမျိုးစုံ
- ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး
များကို မယ်ဆောက်တခွင် ပြဲပြဲစင်အောင် မြ၀တီမှ Light Track ၊
Town Ace၊ Hilux များတင်ဆောင်ကြသည်..သူတို့သည်
မည့်သည်အခွန်မှပေးဆောင်စရာမလိုပါ..
မည့်သည့်အစစ်အဆေးကိုမှလည်း မခံ၇ပါ…ဘာကြောင့်ပါလဲ
ရှင်းရှင်းလေးပါ….သူတို့အကောက်ခွန်ဝန်ထမ်းများ၏ ရှိသမျှ
ဒွါရခြောက်ပေါက်လုံးကို
တန်ဖိုးမရှိသောပိုက်ဆံနှင့်ထိုးထားလေသည်…ကားတစ်စီး စီ တစ်ခေါက်ကို ဘတ်
၃၀၀၀ ယူပြီး အကောက်ခွန်ဝန်ထမ်းများ အိတ်မတရားဖောင်းနေကြသည်..ကားတစ်စီးသည်
တစ်နေ့ကို ၁ ခေါက်မှ ၅ ခေါက်ဝန်းကျင် ကားနောက်ခန်းပြည့်ကျပ်ပြီး
ခေါင်းထောင်နေအောင် တရားမ၀င်ပစ္စည်းမျိုးစုံကိုသယ်သည်..အဲဒီလို
ကားပေါင်းစုံ၏သယ်ယူသည့်အားသည်တစ်နေ့တည်းတွင်ပင် ၁၀ ဘီးကား ၁၀
စီးစာနဲ့ညီမျှနေလေသည်…ကားအားလုံးနီးပါးသည် ပစ္စည်းကိုပုံစံမျိုးစုံနှင့်
ချည်နှောင်ပြီးသယ်နေကြသည်….တရားဝင်ပစ္စည်းသယ်ယူသည့်ကားများကိုတချက်လောက်ကြည့်ကြည့်ပါ…ဒီလိုတရားဝင်ကုန်
သွယ်ခွင့်ရအောင်
နေပြည်တော်ရုံးအဆင့်ဆင့်ကိုလျှောက်လွာတင့်ရလေသည်….အခွန်ဆောင်ထားသည့်
ကုမ္မဏီတစ်ခုကိုလည်း ထောင်ထားရသည်…ပြီးမှ ပို့ကုန်ဖြစ်သော ဆန်၊ ပြောင်း၊
နှမ်း၊ ပဲမျိုးစုံ နှင့် ပရိဘောဂ အစရှိသောပစ္စည်းများကို
ပို့ရလေသည်…ထိုပို့ကုန်ဖြစ်ဒေါ်လာရမှ သူတင်သွင်းချင်သည့် သွင်းကုန်ကို
ပစ္စည်းအမည်တိတိကျကျဖော်ပြ၍ နိုင်ငံတော်ကသတ်မှတ်နှုန်းထားအတိုင်း
အခွန်ပေးချေပြီးမှ သွင်းခွင့်ရသည်…ထိုသွင်းကုန်သည်လည်း လျှောက်ထားပြီး
ခွင့်ပြုချက်ရမှ တင်သွင်းရခြင်းဖြစ်သည်…
ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှ ပစ္စည်းတင်သွင်းလာသည့်အခါတွင်လည်း
အကောက်ခွန်ဂိတ်တွင် ပစ္စည်းတစ်ခုချင်းစီ ကို
လျှောက်လွာနှင့်တိုက်ဆိုင်စစ်ဆေးပါသေးသည်…
ဒီလိုဘာကြောင့်နိုင်ငံတော်ကလုပ်ရပါသလဲ…
နည်းပညာခေတ်ကြီးတွင် အင်အားကြီးနိင်ငံတွေ၏ စွန့်ပစ်ပစ္စည်းများသည်
ဖွံ့ဖြိုးဆဲနိုင်ငံထဲတွင် ဈေးကွက်ကြီးတစ်ခုဖြစ်လာလေသည်…သူတို့ဆီက
အမှိုက်သည် ကိုယ့်ဆီမှ ရွေဖြစ်နေသည့်အခါ အလုံးအရင်းနှင့်
ဝင်လာလေသည်…တိုအခါတွင် ကြောက်စရာအကောင်းဆုံး စီးပွားရေး
ကျွန်ပြုမှုကြီးဖြစ်လာလေသည်…တိုင်းပြည်၏ ပိုက်ဆံသည် လုံးဝတန်ဖိုးမရှိသည့်
အဆင့်ကိုထိုးဆင်းသွားသည်…တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊
တနိုင်တပိုင်ထောင်ထားသော လျှပ်စစ်စက်ရုံလေးတွေ၊ ပလပ်စတစ် စက်ရုံလေးတွေ၊
တရွာလုံးယက်ကန်းရက်ပြီး အသက်မွေးတဲ့ ယက်ကန်းစင်လေးတွေ၊ ကာယ နှင့်
ဥာဏအားကိုးပြီးဆင်ထားတဲ့ ကားတွေ၊ မိတ်ကပ်၊ ပေါင်ဒါထုတ်ပြီးစားနေတဲ
မိသားစုလုပ်ငန်းလေးတွေ၊ သန်လျှက်လေး၊ ရေအိုးလေးလုပ်ပြီး
ခြေတိုအောင်လိုက်ရောင်းပြီး အသက်မွေး၇တဲ့ ပြည်သူ သန်းပေါင်းများစွာဟာ
အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီပေါ့ဗျာ……………………………………………
ဒီလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ပြည်သူတွေသန်းနှင့်ချီအောင်ဖြစ်နေပါပြီ…တကယ်ကိုဖြစ်ခဲ့တဲ့အဖြစ်လေးတစ်ခုကတော့…"တရွာလုံး
ဆိုင်ကယ်မှာထည့်တဲ့ စပရိန်လေးကိုထုတ်ပြီး အသက်မွေးနေတာကနေ ကုန်သည်က
တရုတ်ကနေ ဖေါ်ဖေါ်သီသီနဲ့ အကောက်ခွန်ဌာနကို ပိုက်ဆံပေးပြီး
တန်နဲ့ချီသွင်းလိုက်တာ ရွာလုံးကျွတ် ထမင်းအိုးကွဲသွားကြပါတယ်ဗျာ"….
အခုဆိုကားလုပ်ငန်းတွေလည်းရပ်ဆိုင်းလုနီးပါးဖြစ်နေပါပြီ..
ဘာကြောင့်လဲဆိုတော့…………ထိုင်းဘက်ကမ်းမှာ ကြောက်စရာကောင်းလောက်အောင်
သူများနိုင်ငံ အမှိုက်ပုံကားတွေက တောင်လိုပုံနေပြီလေ…
ဒါကြောင့် မြ၀တီရှိ
အကောက်ခွန်ဝန်ထမ်းတွေသည်သန်းကြွယ်သူဌေးဖြစ်ဖို့အမျှော်မှန်းကြီးမှန်းနေလေပြီ..အကောက်ခွန်ဝန်ထမ်းတွေ
ကြွယ်ဝချမ်းသာဖို့အတွက် တိုင်းပြည်က
လခပေးပြီးခန့်ထားသလိုတောင်ဖြစ်နေပါပြီ
…ဘယ်လောက်တောင်လဲဆိုတော့ ထိုင်းနိုင်ငံကထုတ်ပြန်သော တိုင်း - မြန်မာ ၂၀၀၉
တွင်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၂၄ သန်း ရှိခဲ့လေသည်..သို့ပေမယ့်
အကောက်ခွန်ဝန်ထမ်းများတွေ၏ လောဘဇောတိုက်ငွေများကိုပါ ထည့်သွင်းရေလိုက်ပါက
အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်သွားပေလိမ့်မည်....
တိုင်းပြည်ငတ်အောင်လုပ်မယ့်သူတွေကိုမှ
ဒီတာဝန်ကိုပေးရလေခြင်းဗျာ......................
…မဖြစ်စလောက်ဘဲနဲ့ရလိုက်သောပိုက်ဆံသည် မြန်မာပြည်သူအတတ်ပညာရှင်တွေ
သန်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်စေပါသည်….တို့ထက်လည်း ခန့်မှန်း၍
မရနိုင်သော ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါသည်……….
မည်သို့ပင်ဆိုစေ ၂၀၀၉ နှစ်ကုန်ခါနီးမှရောက်လာသော အကောက်ခွန်ဝန်ထမ်းများ၏
လုပ်ရပ်သည် ယုတ်မာ မိုင်းရိုင်းလှသည်….ထိုကားများသည် အရင်ကတည်းက
လည်းပြေးနေသည်…အခုလည်းပြေးနေသည်…ဒါပေမယ့်
ဦးတည်ချက်ချင်းမတူတော့ချေ…….အရင် ကားများသည်
မြန်မာပြည်သားတွေအဆင်ပြေစေရေး ကိုဦးတည်ပေမယ့်
အခုလက်ရှိကားများကတော့ လူသည်ပဓာနမဟုတ်…..ပစ္စည်းသာ
အဓိကဖြစ်နေလေပြီ…..မြင်မကောင်း ရှုမကောင်းအောင်တင်ပြီး
တဖက်နိုင်ငံမှထွက်သော ပစ္စည်းများကို ကိုယ့်အိမ်မှပစ္စည်းကဲ့သို့
အခေါက်ခေါက်အခါခါ ကဲ့ယူနေပုံကတော့ ဖြင့် မြ၀တီ အကောက်ခွန်ဝန်ထမ်း တွေ
ဘယ်လောက်တောင် စည်းပျက်ကမ်းပျက်ဖြစ်နေပြီး
ပိုက်ဆံကို ငန်းငန်းတတ်လိုချုင်နေသလဲဆိုတာကတော့ ချစ်ကြည်ရေးတံတားမှာ
ကားပေါ် က အကောက်ခွန်မဲ့ တရားမ၀င် ပစ္စည်း အမြင့်သည် မြန်မာဘက်ကမ်း
ချစ်ကြည်ရေးတံတားအမိုးကိုပင်
ထိနေပါတကား…

ရင်လေးစွာဖြင့်...

ကိုသီလ

အပြည့်အစုံသို့...

Saturday, November 28, 2009

စာဆိုတော်နေ့အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အနောက်ဘက်ပိုင်းရှိ မြန်မာ့ဒုက္ခသည်များကျင်းပ

မြန်မာနိုင်ငံ၌ နတ်တော်လတွင်းကျင်းပပြုလုပ်သော စားဆိုတော်ပွဲကိုရည်းညွှန်း၍ အိန္ဒိယရောက် မြန်မာဒီမိုကရေးစီအရေးလှုပ်ရှားသူ စာပေ၀ါသနာရှင်းများက နယူးဒေလီမြို့အနောက်ဘက်ပိုင်း မြန်မာဒုက္ခသည်များနေထိုင်ရာ ဘစ်ကတ်ပူရီးရက်ကွက်ရှိ မြန်မာ့ရိပ်သာခမ်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

စာဆိုတော်နေ့အခမ်းအနားတွင် ဆောင်းပါ၊ ကဗျာ၊ ၀တ္ထုတို၊ ကာတွန်းများပါဝင်ယှဉ်ပြိုင်းရေးသားကြပြီး ဆုများအနေဖြင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုအပါအ၀င် အထူးဆုများကိုလည်း ဆုရွှေးချယ်ရေးအဖွဲ့ကိုယ်စား စာဆိုတော်နေ့အခမ်းအနားအားဦးစီးကျင်းပပေးသော မြန်မာ့ရိပ်သာကော်မတီမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အပြည့်အစုံသို့...

Tuesday, November 17, 2009

မူးယစ်ဆေး ရောင်းဝယ်မှုကြောင့် ကျပ်ငွေဈေး တက်တာလား

Monday, 16 November 2009 16:20 အောင်သက်ဝိုင်း ဧရာဝတီ

ပြည်တွင်း တရားမ၀င် ငွေလဲဈေးကွက်တွင် မြန်မာငွေတန်ဖိုး အဆမတန်ထိုးတက်နေပြီး ထိုသို့ ထိုးတက်နေရခြင်း၏ အကြောင်းရင်းများတွင် ဘိန်းနှင့် စိတ်ကြွဆေးဝါး ရောင်းချခြင်းမှ ရရှိသော အမေရိကန်ဒေါ်လာ ပမာဏ အများအပြား ဈေးကွက်တွင်း ၀င်ရောက်လာခြင်းသည်လည်း အချက်တချက်ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။


ပွင့်လင်းရာသီအစ ဆောင်းဦးရာသီအချိန်သည် တရုတ် - မြန်မာနယ်စပ်ဒေသတွင် ဘိန်းရိတ်သိမ်းချိန်ဖြစ်ပြီး ဘိန်းနှင့် အတူ စိတ်ကြွဆေး အရောင်းအ၀ယ် မြင့်တက်လျက် ရှိကြောင်း၊ ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေ တန်ဖိုး မြင့်မားပြောင်းလဲလာမှုသည် ရန်ကုန်အခြေစိုက် ငွေလဲဈေးကွက်မှ စတင်ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ တရုတ် - မြန်မာ နယ်စပ်အခြေစိုက် ငွေလဲဈေးကွက်မှ စတင်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့် ဆက်စပ် မှုရှိသော စီးပွားရေး သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

“တဒေါ်လာ ၉၉၀ ကျပ်ပဲရှိတယ်။ အခုဖြစ်တဲ့ငွေဈေးက ရန်ကုန်ဈေးကွက် အခြေအနေပေါ်မူတည်ပြီး ဖြစ်တာ မဟုတ်ဘူး။ တရုတ် - မြန်မာနယ်စပ်မှာ ဖြစ်တဲ့ ယွမ်၊ ဒေါ်လာနဲ့ ကျပ်ငွေ လဲနှုန်းတွေပေါ် မူတည်ပြီး ရန်ကုန်ဈေးကွက်မှာ ငွေဈေး အတက်အကျ လာဖြစ်တာ” ဟု ရန်ကုန်အခြေစိုက် တရားမဝင် ငွေလဲလှယ်ရေး လုပ်ကိုင်သူ တဦးက ပြောသည်။

၅၀၀၀ တန်ငွေစက္ကူသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၁၂၀၀ ကျပ်ထိရှိခဲ့ရာ ထိုအချိန်က ဒေါ်လာ ၀ယ်ယူစုဆောင်းသူ များပြားခဲ့ကြောင်း၊ သို့ရာတွင် ယခု ရန်ကုန် ငွေလဲဈေးကွက်တွင် မြန်မာငွေ တန်ဖိုးမြင့်မားချိန်၌ ဒေါ်လာဝယ်ယူမှု နည်းပါးပြီး အလုပ်မဖြစ်လှဘဲ ဈေးကွက် အေး နေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

“၅၀၀၀ တန်စထုတ်တဲ့အချိန် အောက်တိုဘာလထဲမှာ ဒေါ်လာဝယ်သူများတယ်။ ဒါပေမယ့် ၀ယ်တဲ့သူ များသလောက် ဈေးကွက်မှာ ဒေါ်လာက ပြတ်မသွားဘူး။ ၀ယ်ရင်ဝယ်သလောက် ဒေါ်လာ စီးဆင်းမှုရှိတော့ နောက်ဆုံးဒေါ်လာဝယ်အား ကျတဲ့အချိန်မှာ မြန်မာငွေ တန်ဖိုး စတက်တယ်” ဟု ငွေလဲဈေးကွက်နှင့် နီးစပ်သည့် မန္တလေးသား စီးပွားရေးသမားတဦးက ဆိုသည်။

ဘိန်းနှင့်စိတ်ကြွဆေးဝါးများမှ ရရှိသောဒေါ်လာများကြောင့် မြန်မာငွေတန်ဖိုးမြင့်တက်သည်ဆိုသော အချက်မှာ မှန်ကန်မှု ရှိနိုင်သည်ဟု ပြည်တွင်းစီးပွားရေး သုတေသီတဦးက သုံးသပ်သည်။

“ကမ္ဘာမှာ ဒေါ်လာတန်ဖိုးကျလို့ ဒီမှာလည်းဒေါ်လာတန်ဖိုး ကျတယ်လို့ လူပြိန်းတွေး တွေးလို့ ရပေမယ့် ဒီမှာက အမေရိကန်ဒေါ်လာ အခြေပြုထားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေမရှိဘူး။ အဲဒီယူဆချက်က လွဲနေတယ်လို့ ထင်တယ်။ ဘိန်းနဲ့ စိတ်ကြွဆေးကရတဲ့ ဒေါ်လာတွေကြောင့် မြန်မာငွေတန်ဖိုး တက်တယ်ဆိုတဲ့ အချက်က ဖြစ်နိုင်ခြေများတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသည်ဟုဆိုသော FEC ခေါ် နိုင်ငံခြားငွေလက်မှတ် သည်လည်း ရောင်းချင်သူသာများပြီး ၀ယ်သူမရှိဘဲ FEC တဒေါ်လာလျှင် ၉၈၅ ကျပ် ခန့်မျှဖြင့် အရောင်းအ၀ယ် ဖြစ်နေသည်ဟုလည်း သတင်းရရှိသည်။

ယခုလက်ရှိ အနေအထားအရ ကမ္ဘာ့ရွှေဈေး အလွန်ထိုးတက်သော်လည်း မြန်မာငွေဈေး တက်နေသဖြင့် မြန်မာပြည်တွင်း တွင် ရွှေဈေးမတက်ဘဲ ဈေးကျနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သော ရွှေ သန့်စင်ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“နိုဝင်ဘာ ၁၅ ရက်မှာ ကမ္ဘာ့ရွှေက တအောင်စ ၁၁၁၈ ဒေါ်လာ (ကျပ် ၁၁ သိန်းကျော်)။ ဒီက ရွှေဈေးက သန့်စင်ပြီးသား အခေါက်ရွှေ တကျပ်သားကိုမှ ၅ သိန်း ၉ သောင်းပဲရှိတယ်” ဟု မန္တလေးမြို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာငွေ တန်ဖိုးမြင့်တက်လာရခြင်းမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဆင်ပြေစေမည့် အရိပ်အရောင်များ တွေ့မြင်လာရခြင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား ထင်သာ မြင်သာရှိသော နိုင်ငံရေးအရ ဆက်ဆံမှုများ ရှိလာခြင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သော နိုင်ငံရေးကမ်းလှမ်းချက်

များကြောင့် နိုင်ငံရေးအခြေအနေ အကောင်းဘက်သို့ ဦးတည်နေသည်ဆိုသော ယူဆချက်များ ရှိလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဝေဖန်သုံးသပ်သည်။

ထို့ပြင် အစိုးရတွင် သဘာဝဓာတ်ငွေ့နှင့် သဘာဝ သယံဇာတရောင်းချရာမှ အမေရိကန်ဒေါ်လာ ဘီလီယံချီ၍ ရရှိနေခြင်းကလည်း မြန်မာငွေတန်ဖိုးမြင့်မားစေသော အချက်တချက်ဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့က ထောက်ပြသည်။

အပြည့်အစုံသို့...

ဧရာဝတီတိုင်းတွင် သင်္ဘောမှောက်၊ အသေအပျောက် များပြား

Monday, 16 November 2009 17:56 အောင်သက်ဝိုင်း ဧရာဝတီ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရှမ်းဂူကျေးရွာအနီးရှိ င၀န်မြစ်တွင် ယမန်နေ့ညက ပုဂ္ဂလိက ခရီးသည်တင် သင်္ဘောကြီးတစီး နစ်မြုပ်သွားရာ ခရီးသည် အလောင်း ၄၀ ခန့် ဆယ်ယူရရှိပြီး၊ အများအပြား ပျောက်ဆုံးနေကြောင်း ပုသိမ်မြို့အခြေစိုက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာန အရာရှိတဦးက ပြောသည်။


ကယ်ဆယ်ရေး လုပ်ငန်းများကို ထိုဒေသမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆက်လက် လုပ်ကိုင်နေသည်ဟု သိရသည်။

“ပျောက်နေတဲ့သူတွေက သေသွားပြီလား၊ ဒါမှမဟုတ် ရေစီးနဲ့ မျောပြီး အခြားကမ်းတွေ တင်နေသလား ဆိုတာ ရေရေ ရာရာ မသိရသေးဘူး” ဟု ပုသိမ်မြို့ မီးသတ်တပ်ဖွဲ့ဝင် တဦးက ယနေ့ ညနေပိုင်း အခြေအနေများကို ဧရာဝတီသို့ ပြောပြသည်။

နစ်မြုပ်သွားသည့် သင်္ဘောမှာ နေမျိုးထွန်း ဟု အမည်ပေးထားသည့် ရေယာဉ်အမှတ် ၈၄၁၃၊ သစ်သား တထပ်သင်္ဘော ဖြစ်ကြောင်း၊ ယမန်နေ့ ည ၇ နာရီက ခရီးသည် ၁၇၆ ဦးကို တင်ဆောင်ပြီး ပုသိမ်မြို့မှ သက်ကယ်သောင် ကျေးရွာသို့ ဦးတည် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ပုံမှန် ပြေးဆွဲနေသော အဆိုပါ သင်္ဘောသည် ရှမ်းဂူကျေးရွာ အနီးရှိ မြစ်ပြင်ကျယ်တွင် ဓနအမည်ရှိ ဒီဇယ်ဆီတင် သင်္ဘောတွဲနှင့် တိုက်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သင်္ဘောက ချက်ချင်း မြုပ်သွားတာ။ ခရီးသည်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံး ပျောက်နေတယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည့် ရှမ်းဂူကျေးရွာသား တဦးက ရှင်းပြသည်။

ယခုအခါ အာဏာပိုင်တို့က သင်္ဘောပိုင်ရှင်ကို အမှုဖွင့် အရေးယူထားပြီး ရေယာဉ် နစ်မြုပ်ရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်း စစ်ဆေးနေသည်ဟု ဧရာဝတီတိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်းသည် ယမန်နှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသဖြစ်သည်။

အပြည့်အစုံသို့...

နိုင်ငံတကာ သံဃာများက မြန်မာ ဒုက္ခသည်များအတွက် အလှူခံ

Monday, 16 November 2009 19:12 ရန်ပိုင် ဧရာဝတီ

နယ်စပ်ဒေသမှ ဒုက္ခသည်များအတွက် ရည်ရွယ်သည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတခုကို ယနေ့နံနက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပရာ နိုင်ငံတကာမှ သံဃာ အပါး၂၀၀ ခန့် ပါဝင်ခဲ့ ကြသည်။


[အလှူခံပွဲအပြီး ချင်းမိုင်တက္ကသိုလ်တွင် ဆွမ်းဘုဉ်းပေးနေသော သံဃာများ (ဓာတ်ပုံ - MLC)] ဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် ပြုလုပ်သော အလှူပွဲတွင် ပါဝင်သည့် သံဃာအများစုမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဂျပန်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့မှ သံဃာတချို့လည်း ပါဝင်သည်။ အလှူပွဲတွင် တက္ကသိုလ်ကျောင်းသားများ၊ ချင်းမိုင်မြို့ရောက် မြန်မာပြည်သား အလုပ်သမားများကလည်း ပါဝင် ကူညီကြသည်။


သံဃာများသည် နံနက် ၆နာရီခန့်မှ စတင်၍ ၀ပ်ဆွန်ထော့ ဘုန်းကြီးကျောင်း နှင့် ချင်းမိုင်တက္ကသိုလ်အထိ လမ်းတလျှောက်တွင် အလှူခံကြခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံက ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့အတွက် ချင်းမိုင်မှာနေတဲ့ မြန်မာနိုင်ငံသား အသိုင်း အ၀န်းကို တတ်နိုင် သမျှ ဒီအလှူကို သိအောင်၊ ပါဝင်လာအောင် လှုံဆော်ခဲ့ပါတယ်” ဟု Friends Of Burma (ထိုင်း မြန်မာ မိတ်ဆွေများအဖွဲ့) မှ မြန်မာ ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

သံဃာများ အလှူခံ၍ ရရှိသည့် ဆေးဝါးနှင့် ပစ္စည်းများကို ဒုက္ခသည်စခန်းများသို့ သာမက နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့လည်း ပေးပို့မည်ဟု သိရသည်။

အလှူပစ္စည်းများတွင် ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး စသည့် ဆေးဝါးပစ္စည်း အများစု ပါဝင်ကြောင်း သိရသည်။

အလှူခံ သံဃာများထဲတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ် မှ ဦးသြဘာသလည်း ပါဝင်သည်။ မြန်မာနိုင်ငံသား ဒုက္ခသည်များ အတွက် နိုင်ငံတကာမှ ဗုဒ္ဓဘာသာ သံဃာတော်များ ယခုကဲ့သို့ ပါဝင် ဆောင်ရွက်သဖြင့် ၀မ်းမြောက်ကြောင်း ဦးသြဘာသက ဧရာဝတီသို့ မိန့်ကြားသည်။

မြို့သူ မြို့သားများက ကိုယ်ချင်းစာစိတ်၊ စာနာစိတ် အပြည့်ဖြင့် သဒ္ဒါတရား ထက်သန်စွာ လှူဒါန်းကြသည် ဟု ချင်းမိုင်မြို့ရှိ ကူညီ ကယ်ဆယ်ရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသည့် မြန်မာ လူငယ် တဦးက ပြောသည်။

ဒုက္ခသည်များအတွက် ရည်ရွယ်သည့် အလှူပွဲ ကို International Network of Engaged Buddhist (အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ စေ့စပ် ညှိနှိုင်းရေး အဖွဲ့) က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိနေသည်။ ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယား ပြည်နယ် အနီးတွင် စခန်း ၂ ခု၊ ရှမ်းပြည်နယ် အနီးတွင် ၁ ခု တည်ရှိသည်။ ဒုက္ခသည် စုစုပေါင်း တသိန်း သုံးသောင်းကျော် ရှိနေသည်ဟု ပြီးခဲ့သည့်လ အတွင်း ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ အချက်အလက်များအရ သိရသည်။

အပြည့်အစုံသို့...

တပ်ရိက္ခာစပါး ၀ယ်ယူချိန်တွင် စပါးဈေးထိုးကျမည်ဟု တောင်သူတို့ခန့်မှန်း

အောင်ထက် / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

စပါးတင်း (၁၀၀) လျှင် (၃) သိန်းအထက် ရရှိနေသော စပါးဦးပေါ်စတွင် တပ်မတော်ရိက္ခာ စပါးအ၀ယ်တော်အချို့၏ ဈေးကစားမှုများကို ပဲခူးတိုင်း အနောက်ခြမ်း လယ်သမားများက စိုးရိမ်မကင်း ရှိနေကြသည်။


ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်လမ်းကြောတလျှောက်ရှိ မြို့ကြီးများမှ စပါးအ၀ယ်ဒိုင်များကို စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် တပ်စပါးအ၀ယ်တော်ကြီး (၃) ဦးက ထိန်းချုပ်ထားကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“သုံးဆယ် ကိုခင်မြင့်၊ ကြို့ပင်ကောက် ကိုပြားကြီးနဲ့ လက်ပံတန်း ကိုပဲကြီးတို့ဟာ စပါးဝယ်ယူသိုလှောင်မှု သြဇာအာဏာကြီးတဲ့ ရိက္ခာစပါး အ၀ယ်တော်ကြီးတွေဖြစ်တယ်။ သူတို့ ၀ယ်လိုအား ထိန်းချုပ်မှုကို မကျော်လွန်နိုင်ကြဘူး” ဟု ဒေသခံလယ်သမားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၌ ကြို့ပင်ကောက် ကိုပြားကြီးသည် ၎င်းပိုင် ဆန်စက်ဝင်းသာမက တန် (၁၀၀) ဆန်ဂိုဒေါင်များနှင့် အစိုးရစပါးအ၀ယ်ဒိုင် ပတ်ကားဂိုဒေါင်များအပါအ၀င် ဂိုဒေါင် (၂၀) ခန့်ကို ငှားရမ်းကာ တပ်မတော်ရိက္ခာစပါး ၀ယ်ယူစုဆောင်းပေးခဲ့သူဖြစ်သည်။

ဂိုဒေါင်တလုံးလျှင် စပါးတင်းရေ (၂) သောင်းဆံ့ပြီး စုစုပေါင်း စပါးတင်း (၄) သိန်းခန့် ဆန်အဖြစ် ကြိတ်ခွဲတင်ပို့နိုင်ခဲ့၍ ရိက္ခာဝယ်ယူစုဆောင်းမှု စံချိန်တင်ခဲ့သည်ဟု သိရသည်။

“ကိုပြားကြီးရဲ့ နောက်ကွယ်မှာ စစ်တပ်အရာရှိကြီးတွေ ရှိနေတယ်။ မနှစ်က စပါးတင်း (၁၀၀) ကို ကျပ် (၂) သိန်း (၇) သောင်းနဲ့ ဈေးဖြတ်ပြီး ကိုပြားကြီးကို ကောက်ခိုင်းတယ်။ ကိုပြားကြီးက လယ်သမားတွေကို (၂) သိန်းဈေးပဲ ဖြတ်ပေးတယ်” ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ထိုအချိန်က ပေါက်ဈေးနှုန်းပြောင်းလဲမှု မြန်ဆန်သော်လည်း အခြားစပါးအ၀ယ်ဒိုင်တို့က ကိုပြားကြီးဖွင့်သော စပါးဈေးအောက်၌ သာ ၀ယ်ယူခဲ့ကြသည်ဟု ဇီးကုန်းမြို့မှ တောင်သူတဦးက ပြောသည်။

၎င်းက “တောင်သူတွေ စပါးရောင်းရင် ကိုပြားကြီးရဲ့ဝန်ထမ်းတွေက စပါးအရည်အသွေးနဲ့ တန်ချိန်ကို အရင်စစ်ဆေးပြီး ဂိုဒေါင်ကို လယ်သမားတွေက ကိုယ်တိုင်သွားသွင်းရတာ။ နောက်ပြီး (၃) ရက်ကြာမှ ငွေထုတ်ယူရတာလေ။ နွားနဲ့ဖက်ရုန်းပြီးရလာတဲ့ ကိုယ့်စပါးတောင် အဲလို အောက်ကျနောက်ကျရောင်းခဲ့ရတယ်” ဟု ပြောသည်။

ယခုနှစ် တပ်မတော်ရိက္ခာစပါးကို ဒီဇင်ဘာလဆန်းတွင် စတင်ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်နေပြီး ရောင်းလိုအား များသည့်ကာလနှင့် တိုက်ဆိုင်ဝယ်ယူခြင်းကြောင့် (၂) သိန်းခွဲပတ်လည်သာ ဈေးဖြစ်နိုင်သည်ဟု ဒေသခံတို့က မှန်းဆထားကြသည်။

ယခင်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း ဒေသတွင်း စပါးပေါက်ဈေး (၂) သိန်းအောက်ရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာ (၁၅) ရက် နေ့ စပါးပေါက်ဈေးမှာ အစို (၃) သိန်း (၂) သောင်း၊ အခြောက် (၃) သိန်း (၄) သောင်း ဈေးမြောက်နေသည်။

စပါးပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေခြင်းမှာ ရောင်းလိုအားနည်းနေသေးသည့်အတွက် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်ပအမှာများရှိနေသော်လည်း ပြည်တွင်းဖူလုံမှုကို အလေးထားနေပြီး ပြည်တွင်းဈေးကွက်ငြိမ်မှ ပြည်ပပို့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတဦးက သုံးသပ်သည်။

ထိုသို့ ပြည်ပတင်ပို့မှုမရှိဘဲ လတ်တလော စပါးဈေးကောင်းနေသည့်အတွက် စပါးရိတ်သိမ်းခ ယခင် တဧက (၆,၀၀၀) ကျပ်မှ (၁၄,၀၀၀)၊ မတ်ပဲ စိုက်ပျိုးရန် ကိုင်းထိုးစရိတ် ယခင် တဧက (၅,၀၀၀) ကျပ်မှ (၁၂,၀၀၀) ကျပ် ဈေးမြင့်သွားသည်။

အပြည့်အစုံသို့...

အိုဘားမားက သိန်းစိန်ကို ဒေါ်စုလွှတ်ပေးဖို့ တောင်းဆို

နိုဝင်ဘာ ၁၆၊ ၂၀၀၉ မိုးမခအထောက်တော် ၀၀၃

ယမန်နေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနဲ့ အမေရိကန်ခေါင်းဆောင်တို့ တွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ အကျယ်ချုပ်ခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။


အစည်းအဝေးက မိန့်ခွန်းမှာ ထုတ်ဖော်ပြောဆိုခဲ့သလို ၎င်းနဲ့ မျက်နှာချင်းဆိုင် နေရာ (စာပွဲဝိုင်း တဖက်ခြမ်း) မှာ ထိုင်နေတဲ့ မြန်မာစစ်အုပ်စုက ၀န်ကြီးချုပ် သိန်းစိန်ကိုလည်း တိုက်ရိုက်ပြောခဲ့တယ်လို့ ပြောကြပါတယ်။ သိန်းစိန်က ၀ါရှင်တန်ရဲ့ မြန်မာစစ်အုပ်စုအပေါ် ပေါ်လစီအပြောင်းအလဲလုပ်တာကို ကျေးဇူးတင်တယ်လို့ တရားဝင်ထုတ်ပြောပေမယ့် ဒေါ်စုအကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ အိုဘားမားကတော့ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်းဖက်ကို ဦးမတည်မချင်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ စဉ်းစားမည်မဟုတ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

၎င်းအစည်းအဝေးက ထုတ်ပြန်ချက်မှာတော့ ဒေါ်စုလွတ်မြောက်ရေးကို ထည့်သွင်းမထားသော်လည်း လာမည့်နှစ် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ တရား မျှတ လွတ်လပ်ပြီး ပွင့်လင်းမှုရှိရေး၊ အတားအဆီးပိတ်ဆို့မှုများ မရှိရေးတို့ကို တောင်းဆိုကြောင်း ခေါင်းဆောင်တွေ အားလုံးက ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

စင်္ကာပူခေါင်းဆောင် လီရှန်လုံး အမေရိကန်ရဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ယခုလို တိုက်ရိုက်ထိတွေ့ဆက်ဆံရေး တိုးတက်မှုကို ကြိုဆိုကြောင်း၊ မြန်မာအရေးကိစ္စကြောင့် အာဆီယံနဲ့ အမေရိကန်ဆက်ဆံရေး နှောင့်နှေးနေရတာတွေကို ဖြတ်ကျော်ထားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်ခရီးသွား - ၂၀၀၉ - အပိုင်း ၂

ကျော်ကျော် နိုဝင်ဘာ ၁၆၊ ၂၀၀၉ မိုးမခ

ဘန်ကောက်မှာ စိတ်ညစ်စရာတခုကောင်းတာက ကားလမ်းတွေပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့မိသားစုက ကလေးတွေနဲ့ စုစုပေါင်း ၇ ယောက်ဆိုတော့ ဘယ်သွားသွား ဘစ်ကားစီးဖို့က အဆင်မပြေဘူး။ တက်စီကိုပဲ အားကိုးရတယ်၊ တက်စီပေါ်တက်လိုက်ရင်ပဲ မီတာက ဘတ် ၃၃ နဲ့ စ ပါတယ်။ အနီးအနား(Skytrain ၃ ဘူတာလောက် အကွာအဝေး) ကို တက်စီခ ဘတ် ၆၀ - ၇၀ ခန့် ကုန်ကျပါတယ်။ စူကွန်ဗစ်(Sukumvit) လမ်းမတလျှောက် ကားအမြဲလိုလို ပိတ်ဆို့တတ်ပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမဲ့ခရီးဟာ နာရီဝက်ကြာတတ်တယ်။ တက်စီကားသမားတွေကလည်း လမ်းပိတ်တတ်တဲ့နေရာဆို သိပ်မလိုက်ချင်ကြဘူး။ အဲဒီလိုနေရာတွေ သွားတယ်ဆိုရင်လည်း သူတို့က မီတာကိုမသုံးတော့ပဲ ဈေးပိုခေါ်ကြတယ်၊ ကိုယ်ကလည်း ဈေးဆစ်ရတာပေါ့။

အမှန်ကတော့ Skytrain(BTS) ရထားနဲ့ မြေပုံကြည့်ပြီး အချက်အချာကျတဲ့နေရာ တော်တော်များများကို ရောက်နိုင်ပါတယ်။ အချိန်ကုန်ငွေကုန် ပိုသက်သာပါတယ်။ စူကွန်ဗစ်နားက Pleon Chit ဘူတာကနေ ရှော့ပင်းစင်တာတွေများတဲ့ Siam ဘူတာထိကို ၅ မိနစ်လောက်ပဲကြာပြီး ဘတ် ၂၀ ပဲကျပါတယ်။ အဲဒီအကွာအဝေးကိုပဲ တက်စီနဲ့သွားရင် ကားကြပ်တဲ့အခါ နာရီဝက်လောက် စီးရပါတယ်။

တိုးရစ်တွေက Tok Tok လို့ခေါ်တဲ့ သုံးဘီးကားကို စီးရတာ သဘောကျတယ်။ တုတ်တုတ်က ကိုယ်ထည်သေးတော့ ဟိုကြားတိုး ဒီကြားကွေ့နဲ့ တက်စီထက်တော့ ခရီးပိုတွင်တယ်။ နေ့ခင်းပိုင်းက ပူတော့ ညပိုင်းစီးတာက ပိုကောင်းပါတယ်။ တယောက်တည်းဆိုရင် မော်တော်ဆိုင်ကယ်နဲ့သွားရင် ပိုမြန်ပါတယ်။ လမ်းတွေ ဘယ်လောက်ပိတ်ပိတ် မတုန်မလှုပ်ဖြစ်နေတဲ့ ကားတွေကြားထဲ ဆိုင်ကယ်သမားတွေက မြွေလိမ်မြွေကောက်မောင်းပြီး ထိပ်ဆုံးကပဲ ပြေးနေကြတယ်လေ။

ကျနော့်ရဲ့အကြိုက် ခရီးသွားနည်းတခုကတော့ မော်တော်ဘုတ်စီးတာပါ။ ကျနော်တည်းတဲ့ စူကွန်ဗစ်လမ်းသွယ် ၁ ရဲ့ အဆုံးမှာ ချောင်းကလေးတခုရှိပါတယ်။ အဲဒီချောင်းထဲမှာ ခရီးသည်တင် မော်တော်ဘုတ်တွေ အထက်အောက် ပြေးဆွဲပါတယ်။ လမ်းသွယ် ၁ က သင်္ဘောမှတ်တိုင်က Nana လို့ခေါ်တယ်။ အဲဒီကနေ ကျနော်တို့ အမြဲ ဈေးဝယ်သွားနေကျ Big C market ကို မော်တော်ခ ဘတ် ၁၀ ပဲကျပါတယ်။

ဘန်ကောက်မှာ အစားအသောက်အတွက်ကတော့ ပူစရာမလိုပါဘူး၊ နေရာတိုင်းမှာ စားသောက်ဆိုင်တွေ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ စူကွန်ဗစ်လမ်းအထက်ပိုင်း(လမ်းသွယ် ၁ မှ ၁၉) အနားမှာ နေရင်တော့ စူကွန်ဗစ်လမ်းမကြီးထိပ်နဲ့ soi 1 (လမ်းသွယ် ၁) အနားမှာ ညဖက်မှ ဖွင့်တဲ့ စားသောက်ဆိုင်တန်းတခု ရှိပါတယ်။ ဆိုင် ၅ ဆိုင်လောက်ရှိတယ်၊ အတွင်းဆုံးဖက်က ဆိုင်က အစားအစာတွေ ပိုကောင်းပါတယ်။

လမ်းဘေးဆိုင်တွေမှာ မစားချင်ဘူး၊ ဈေးလည်းသက်သာမယ် အေးအေးဆေးဆေးနဲ့လည်း စားချင်တယ် ဆိုရင်တော့ Big C နဲ့ MBK ရှော့ပင်းစင်တာကို မှတ်ထားပါ။ ဘိစီစင်တာရဲ့ လေးထပ်ပေါ်နဲ့ အမ်ဘီကေစင်တာရဲ့ ခြောက်ထပ်ပေါ်မှာ စားသောက်ဆိုင်မျိုးစုံ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကျနော်သဘောကျတာ တခုက ဆဲလ်ဖုန်းကို လွယ်ကူစွာ ဈေးပေါပေါနဲ့ ၀ယ်ယူသုံးစွဲနိုင်တာပါပဲ။ ဘယ်သူမဆို နိုင်ငံခြားဧည့်သည်တွေပါ ဆဲလ်ဖုန်းတလုံး ကောက်ဝယ်လို့ ရပါတယ်။ အမေရိကန်မှာလို စာချုပ်မလို၊ plan ရွေးစရာမလို၊ ခရက်ဒစ်သမိုင်း စစ်စရာမလိုပါဘူး။ ထိုင်းမှာတော့ ဘတ် ၁၀၀၀ (ဒေါ်လာ ၃၀) နဲ့ ဆဲလ်ဖုန်းတလုံး ဆင်းကဒ်အပါ ရော့အင့်ပေးပြီး ၀ယ်လိုက်ရုံပါပဲ။ လိုသလောက်မိနစ် ထပ်ဖြည့်ဖို့ 7 Eleven ဆိုင်တွေမှာ ဖုန်းကဒ်ကို လွယ်ကူစွာ ၀ယ်ယူနိုင်ပါတယ်။ ဆဲလ်ဖုန်းဆိုင် အမြောက်အများကို တနေရာတည်းမှာ စိတ်ကြိုက်ရွေးဝယ်ချင်တယ်ဆိုရင် MBK ရှော့ပင်းစင်တာရဲ့ ၃ ထပ်မှာ ရှိပါတယ်။

ရှော့ပင်းပတ်ပို့သက်သက်ဆိုရင်တော့ Sky Train(BTS) နဲ့ Siam ဘူတာမှာဆင်းလိုက်ရင် Siam Center, Siam Paragon, Central World, MBK center, Platinum, Big C စတဲ့ ကုန်တိုက်ကြီးတွေ အနီးတ၀ိုက်မှာ ရှိပါတယ်။

ဒီလောက်ဆို ဘန်ကောက်မှာ စားဖို့၊ သွားဖို့၊ ဈေးဝယ်ထွက်ဖို့ လုံလောက်သွားပါပြီ။ ဒါနဲ့ ဘန်ကောက်ရောက်ခဲ့ရင် နမ်ဒေါက်မိုင်(Nam Dok Mai) အမျိုးအစား သရက်သီးကို ရှာစားကြည့်ဖို့ မမေ့လိုက်နဲ့၊ အရသာသိပ်ကောင်း သိပ်ချိုပါတယ်။ နောက်ပြီး ကောက်ညှင်းအုန်းနို့ဆမ်းနဲ့ သရက်သီး ကို မစားဖြစ်ခဲ့ရင် ထိုင်းနိုင်ငံရောက်ဖူးတယ်လို့ မဆိုနိုင်ပါဘူး။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထား

မင်းနိုင်သူ / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းသည့် စာတစောင်ပေးပို့ခဲ့သည်မှာ မှန်ကန်ကြောင်း အန်အယ်လ်ဒီက ယနေ့ထုတ်ဖော်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ ပြည်ပမီဒီယာများတွင် နိုဝင်ဘာ (၁၄) ရက်နေ့က ပေါက်ကြားခဲ့ပြီးနောက် အန်အယ်လ်ဒီပါတီက ယနေ့ အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။


“ဒီနေ့ စီအီးစီအစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဖြစ်ပါတယ်။ မီဒီယာကို ဘယ်လိုရောက်သွား သလဲ။ ဒါတွေကိုလည်း ဆွေးနွေးဖြစ်ကြတယ်။ ကျနော်တို့က ဒီလိုအစိုးရဆီကို စာတွေဘာတွေ တင်ရင် သတင်းတပ်ဖွဲ့က တဆင့်တင်ရတာပါ။ အခုစာဟာလည်း သတင်းတပ်ဖွဲ့က တဆင့်တင်ခဲ့တာပါ” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

အဆိုပါစာတွင် မစ္စတာကာ့တ်ကမ်ဘဲလ် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့၊ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ ဥရောပ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးခဲ့သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ရေးသားထားသည်။

ထို့နောက် သူမအနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုးရှိစေမည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နအဖအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့် တွေ့လိုကြောင်း တင်ပြခဲ့ရာ နအဖစစ်အစိုးရက အမေရိကန်ကိုယ်စားလှယ် မစ္စတာ ကာ့တ်ကမ်ဘဲလ်လာရောက်စဉ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး မပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ရန်စီစဉ်ပေးခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထိုအစီအစဉ်ကို လက်မခံခဲ့ပေ။

“အခု ဒေါ်စုစာထဲမှာလည်း ဦးတင်ဦးအပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ ပြောထားတော့ ဒေါ်စုအနေနဲ့ကတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေဘက်က မားမားမတ်မတ်ရပ်တယ်ပေါ့ဗျာ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်ဆိုတာကို ပြတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးအတွက် စာရေးကမ်းလှမ်းခဲ့ချိန်တွင် နအဖစစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သီရိလင်္ကာနိုင်ငံသို့ (၃) ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်နေချိန်ဖြစ်ပြီး ယခုအခါနေပြည်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

အပြည့်အစုံသို့...

ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်

ပေါက်ပေါက် / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဒီဇင်ဘာနောက်ဆုံး ထားပြီး အဖြေပေးသွားရန် နအဖစစ်အစိုးရ ကိုယ်စားလှယ်များက သတိပေးလိုက်သည်။

ယခုလ (၁၄) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ပါဝင်သောအဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သော ဝကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ရာတွင် နအဖဘက်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။


၎င်းက “ဝတပ်ဖွဲ့က တောင်းဆိုထားတဲ့ ကိုယ့်တပ်ဖွဲ့ကို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်မယ်ဆိုတာကို နအဖဘက်က လုံးဝလက်မခံဘူး။ ပြီးတော့ ဝနယ်မြေထဲမှာ ရွာသားတွေ ဘိန်းစိုက်နေတာတွေကို တားဆီးဖို့၊ ပြီးတော့ ဝတပ်ဖွဲ့က လက်နက်ပြင်တဲ့ စက်ရုံကိုပိတ်ပစ်ဖို့၊ အဲလို ပြတ်ပြတ်သားသား ပြောလာတယ်။ ဝခေါင်းဆောင်ဘက်ကလည်း အရင်ကမူတွေအတိုင်း မဖြစ်နိုင်သေးဘူးပေါ့။ နှစ်ဘက် တင်းတင်းမာမာတော့ ရှိနေတယ်၊ အဲဒီမှာ ဒီဇင်ဘာလမကုန်ခင် ရက်ပိုင်းကို အဖြေပေးဖို့ နောက်ဆုံးရက် သတ်မှတ်လိုက်တယ်” ဟု ပြောသည်။

နအဖဘက်က အောက်တိုဘာ လကုန်ရက်ဟု ယခင် ရက်သတ်မှတ်ထားရာမှ ယခုတဖန် ဒီဇင်ဘာ လကုန်ရက်ဟု ရက်သတ်မှတ်လိုက်ခြင်းသည် နအဖအတွက် အမေရိကန်နှင့်ဆက်ဆံရေးကိစ္စ အပါအဝင် လေးလပတ် အစည်းဝေးများ ရှိသေးသကဲ့သို့ ဝတပ်ဖွဲ့ အပါအဝင် နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ်အဖွဲ့များကို တိုက်ခိုက်ရန်အထိ အဆင်သင့်မဖြစ်သေးသည့်အတွက် ယခုကဲ့သို့ ရက်ရွှေ့ဆိုင်းထားခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “အမေရိကန်နဲ့ဆက်ဆံရေး ပြန်ကောင်းအောင်လုပ်နေချိန်မှာ လူမျိုးစုတွေကို သေနတ်ဖောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ပြီးတော့ သူတို့ရဲ့ လေးလပတ် အစည်းအဝေးဆိုတာလည်း ရှိသေးတယ်။ ရွေးကောက်ပွဲကိစ္စအတွက် အခုချိန်အထိ ဘာမှ ဥပဒေထုတ်တာ မရှိသေးဘူး။ အခုလို ရက်ရွှေ့လိုက်တာ သူတို့အတွက်လည်း အချိန်ရသွားတယ်။ တကယ် သူတို့သာ တိုက်ရဲရင် တိုက်မှာပေါ့။ အပစ်ခတ်ရပ်အဖွဲ့က တင်းတင်းမာမာပြန်လုပ်တော့ သူတို့ဘက်က လျှော့သွားတာ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဝတပ်ဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိပါ။ ဝတပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ဝအရာရှိတဦးက ဝခေါင်းဆောင်များ နအဖကိုယ်စားလှယ်များနှင့် သွားရောက်ဆွေးနွေးခဲ့ကြောင်းကို အတည်ပြုပြောကြားသော်လည်း အသေးစိတ်ပြောရန်ကိုမူ ငြင်းဆိုခဲ့သည်။

အပြည့်အစုံသို့...

လူကူးမျဉ်းကျားပေါ်တွင် ယာဉ်တိုက်၍ လူသေဆုံးပါက သေဒဏ်ချမှတ်မည်ဟု အမိန့်ထုတ်ပြန်

မျိုးချစ်သူ / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

ရန်ကုန်မြို့ရှိ လူကူးမျဉ်းကျားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးခဲ့ပါက ယာဉ်မောင်းအား သေဒဏ်အပြစ်ချမှတ်မည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက နိုဝင်ဘာ (၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် မော်တော်ယာဉ်လိုင်းများ၏ တာဝန်ရှိသူတဦးက ပြောသည်။


အဆိုပါအမိန့်ကို နိုဝင်ဘာ (၁၅) ရက်တွင် ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းအားလုံးကို အသိပေးပြောကြားခဲ့သည်ဟု သိရသည်။


“အမိန့်က ပြင်းထန်လွန်းလို့ ကျနော်တို့ယာဉ်မောင်းတွေ တနေ့ကို (၈) ကြောင်းပြေးဆွဲဆိုရင် သေမင်းနဲ့ (၁၆) ခေါက်တွေ့နေရ တာပါ။ ဒီအမိန့်ကိုကြားလိုက်ရတဲ့ ယာဉ်မောင်းအားလုံး အတော်လေး စိတ်ဓာတ်ကျပြီးတော့ အလုပ်မလုပ်ချင် ဖြစ်သွားကြတယ်။ တချို့ဆိုရင် ဒီနေ့ အိမ်မှာပဲနေကြတယ်” ဟု ငြိမ်းချမ်းရေးယာဉ်လိုင်းတခုမှ ယာဉ်မောင်းတဦးက ပြောသည်။

လူကူးမျဉ်းကျားတွင် အရှိန်လျှော့မောင်းရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ယာဉ်မောင်းများကို သင်တန်းများပေးထားသော်လည်း ယာဉ်မတော်တဆမှုများ ရန်ကုန်တွင် အလွန်များလာသည့်အတွက် ယင်းအမိန့်ကို ရန်ကုန်တိုင်းယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းအရာရှိတဦးက ပြောသည်။

ရန်ကုန်တွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ (၂၀၀) ကျော် ရှိနေသည့်အတွက် ယင်းသို့ အမိန့်သစ်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာဉ်မောင်းတဦးကမူ “ယာဉ်မတော်တဆ တိုက်တယ်ဆိုတဲ့နေရာမှာ အကြောင်းတွေ အမျိုးမျိုးရှိကြပါတယ်။ ကျနော်တို့ကြောင့်ချည်း ဖြစ်တာမဟုတ်ပါဘူး။ လမ်းကူးသူတွေကြောင့် ဖြစ်တာကများပါတယ်။ သူတို့ကိုရှောင်ရင်းတိမ်းရင်း ဖြစ်တာကများတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့လည်း မဖြစ်ချင်ပါဘူး။ ခုလို သေဒဏ်ဆိုတာကြီး ချမှတ်မယ်ဆိုတာလောက် ကျနော်တို့ဘ၀ကို ချည်နှောင်တာ မရှိပါဘူး” ဟု ပြောသည်။

တရားရုံးချုပ် ရှေ့နေတဦးက “မိမိမောင်းနေတာက လမ်းမှန်လို့ဆိုရင်တော့ အယူခံဝင်လို့ ရနိုင်ပါတယ်။ မတော်တဆဆိုတဲ့ကိစ္စရပ်ရဲ့ နောက်ကွယ်မှာ အမှန်နှင့်အမှားကို သေသေချာချာဝေခွဲဖို့လိုပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုထုတ်ပြန်လိုက်သည့် အမိန့်အသစ်နှင့်အတူ ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေကြသော ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးအား သတ်မှတ်ဝတ်စုံ ၀တ်ဆင်ကြရန်လည်း ယင်းအမိန့်တွင် ပါရှိကြောင်း သိရသည်။


အပြည့်အစုံသို့...

ရန်ကုန်မီးအတွက် ဂက်စ်ပိုက်လိုင်းသစ် စတင်အကောင်အထည်ဖော်

ဝီရ / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

လာမည့် ၂၀၁၀ ပြည့်နှစ် လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းများအပါအ၀င် ရေပေးဝေမှုအတွက် လျှပ်စစ်မီး အလုံအလောက် ပေးဝေနိုင်ရန် မုတ္တမပင်လယ်ပြင်မှ ရန်ကုန်တိုင်းသို့ သဘာဝဓာတ်ငွေ့ ဂက်စ်ပိုက်လိုင်းအသစ်ကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။


တရုတ်ကုမ္ပဏီ၏ အကူအညီဖြင့် ယင်းသဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့သို့ သွယ်တန်းမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် အပြီးသတ်နိုင်မည်ဟု ရန်ကုန်တိုင်း စက်မှုဇုန်များ လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲတွင် သက်ဆိုင်ရာက အသိပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့အား လျှပ်စစ်မီးပေးရန် ရည်ရွယ်ဖောက်လုပ်ထားသည့် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်

မကြာခဏ ပေါက်ကွဲမှုဖြစ်ပွားနေပြီး ပြုပြင်ရက် ကြန့်ကြာနေခြင်းကြောင့် သက်ဆိုင်ရာမှ ဓာတ်ငွေ့ပိုက်လိုင်းအသစ် ထပ်မံသွယ်တန်းနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ကန်ဘောက်မှ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် လွန်ခဲ့သည့် စက်တင်ဘာ လဆန်းပိုင်း ကတည်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာနှင့် အနင်းရွာကြားတွင် ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့၌ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကာ ရေပေးဝေရေးစနစ်များလည်း မြို့အနှံ့တွင် ပြတ်လပ်ခဲ့သည်။

“ကန်ဘောက်-မြိုင်ကလေး-ရန်ကုန်ကို သွယ်ထားတဲ့ ဂက်စ်ပိုက်လိုင်းက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်မှာ တလကို အနည်းဆုံး တနေရာ ပေါက်ကွဲယိုထွက်မှုဖြစ်တယ်။ ဒါက မိုင်းနဲ့ ဖောက်ခွဲခံရလို့ ဖြစ်တာရှားတယ်။ ပိုက်လိုင်း ကွာလတီ အရည်အသွေးက မကောင်းတာ။ အပူအအေး ခံနိုင်ရည်လည်း နည်းလို့ ပေါက်တာကို သူပုန်အဖွဲ့တွေ ဖောက်တယ်ဆိုပြီးတော့ ရွာသားတွေကို စောင့်ခိုင်း၊ ပြုပြင်ဖို့ ပိုက်ဆံထည့်ခိုင်းတာတို့ စတဲ့ အဓမ္မခိုင်းစေမှုတွေ မြန်မာစစ်တပ်က အမြဲတမ်း လုပ်ဆောင်နေတယ်” ဟု လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) မှ အဆိုပါပိုက်လိုင်းအတွက် စာတမ်းကောက်ခံခဲ့သူ တဦးက ပြောသည်။

၂၀၀၉ ခု (၉) လတာကာလတွင် ကန်ဘောက်မှ မြိုင်ကလေး ပိုက်လိုင်းလမ်းပိုင်းအကြား ပေါက်ကွဲမှုဖြစ်စဉ် (၁၀) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခု မုတ္တမပင်လယ်ကွေ့-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်အား ခံနိုင်ရည်မြင့်မားသည့် (၂၄) လက်မပတ်လည် အရွယ်အစားရှိ ပိုက်လိုင်းကြီးဖြင့် သွယ်တန်းမည်ဖြစ်ပြီး မည်သည့်ဒေသများသို့ ဖြတ်သန်းသွားမည်ကို အသေးစိတ် ပြောကြားခြင်းမရှိသေးပေ။

အပြည့်အစုံသို့...