မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ရဲချုပ်ခင်ရီကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲဝင်ခိုင်း

2009-11-13 RFA

ရဲချုပ်ခင်ရီကို လာမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မြောင်းမြမြို့ကနေ ဝင်ရောက်အရွေးခံဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက အတည်ပြု ပြောကြားပါတယ်။

ရဲချုပ်ခင်ရီကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခိုင်းတဲ့အတွက် မကြာခင် ရဲချုပ်ရာထူးက နှုတ်ထွက်ပြီး နိုင်ငံရေးဘက်ကို ပြောင်းရမဲ့သဘော ဖြစ်တယ်လို့လည်း အဆိုပါ အရာရှိကြီးက ပြောပါတယ်။၊ ရဲချုပ်ခင်ရီရဲ့ နေရာကို အနောက်မြောက်တိုင်း ဒကစမှူး တဦးနဲ့ အစားထိုးမှာဖြစ်တယ်လို့ပါ စုံစမ်း သိရပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ကို အဂတိလိုက်စားမှုနဲ့ နေပြည်တော်မှာ စစ်ဆေးနေတုန်း ထွက်ပြေးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ ရဲချုပ်ခင်ရီကို အရေးယူ အပြစ်ပေးတာမျိုး မလုပ်ချင်တဲ့အတွက် ခုလို နိုင်ငံရေးဖက်ပြောင်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်ရဲအရာရှိတွေက ပြောပါတယ်။

ထွက်ပြေးနေတဲ့ ရဲမှူးကြီးဝင်းနိုင်ကိုလည်း မြန်မာနိုင်ငံထဲကနေ ပြည်ပ မထွက်စေပဲ ပြည်တွင်းမှာ ခိုလှုံခွင့်ပေးထားသလို သူ့ကို ဖမ်းဆီးခွင့်မရှိဆိုပြီး လျှို့ဝှက် အမိန့်ထုတ်ပြန်ထားတယ်လို့ပါ အဲဒီ အဆင့်မြင့် ပြည်ထဲရေးဌာနအရာရှိက ပြောပါတယ်။၊ ဒါပြင် ရဲမှူးကြီးဝင်းနိုင်ကို စစ်ဆေးနေတဲ့ အမှုကိုလည်း ဆိုင်းငံ့ထားတယ်လို့ စုံစမ်းသိရပါတယ်။

အဓိက အချက်ကတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် ပြည်ပရောက်သွားပြီး စစ်အစိုးရဝေဖန်သူမျိုး မဖြစ်လာစေဖို့ အခုလို ပြည်တွင်းမှာ နေထိုင်နိုင်အောင် စစ်အစိုးရခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အဆိုပါ ပြည်ထဲရေး အဆင့်မြင့် အရာရှိက ပြောပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ဟာ ရဲချုပ်ခင်ရီရဲ့ နိုင်ငံရေး သတင်းစာရှင်းလင်းပွဲတွေမှာ မြန်မာအတိုက်အခံဖက်က ဖမ်းမိသူတွေကို အမှုဆင်ဖို့ လိုအပ်တိုင်း ဖောက်ခွဲရေးပစ္စည်းတွေ လိမ်လည် ရှာဖွေပေးခဲ့သူ ဖြစ်တဲ့အတွက်လည်း ရဲမှူးကြီးဝင်းနိုင်ဟာ စစ်အစိုးရကို သိက္ခာချနိုင်သူ ဖြစ်နေတယ်လို့ အဆိုပါ အရာရှိက ပြောပါတယ်။

No comments:

Post a Comment