မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ဦးတင်ဦးနှင့် ဇနီး တို့၏ ရွှေရတုပွဲကို အဖွဲ့ချုပ်ဗဟိုရုံးချုပ်တွင် ပြုလုပ်

နော်စေးဖော ၁၃ နိုဝင်ဘာ၂ဝဝ၉ - DVB

နေအိမ်အကျယ်ချုပ်ကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ဦး တင်ဦးနဲ့ ဇနီး ဒေါက်တာ တင်မိုးဝေတို့ရဲ့ နှစ် ၅ဝ မြောက် ရွှေရတုမင်္ဂလာ အထိမ်း အမှတ်ပွဲတခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်မှာ ဒီနေ့ ပြုလုပ်ပါတယ်။ ဒီပွဲကို ဦးတင်ဦးရဲ့ ဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေ တက်ရောက်ခဲ့ပြီး ဦးတင် ဦးလည်း ကျန်းမာရေးကောင်းတယ်လို့ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့က ပြောပါ တယ်။ ပြုလုပ်ရတဲ့ အကြောင်းကို အဖွဲ့ချုပ်ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင် က ပြောပြ ပါတယ်။

“အဖွဲ့ချုပ်မှာ ကျင်းပရတာက ဒု-ဥက္ကဋ္ဌ က နေအိမ်မှာ အတားမြစ်ခံ ဘဝ ဖြစ်နေတယ်။ ဒေါ်ဒေါ်က အပြင်ထွက်လို့ ရတယ်။ ဒု-ဥက္ကဋ္ဌ က ထွက်လို့မရဘူး။ ကျ နော်တို့ကလည်း သွားတွေ့လို့ မရဘူး။ သူတို့ကလည်း အဖွဲ့ဝင်တွေကို အထွေအ ထူးအဖြစ်နဲ့ ဧည့်ခံချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ ကျနော်တို့က သိထားတော့ လူငယ် တွေက ဦးစီးပြီး အဖွဲ့ချုပ်မှာပဲ လုပ်ပေးတာ ဖြစ်ပါတယ်။”

ဒီပွဲကို အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေနဲ့ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ခဲ့ပြီး အားလုံး ၃ဝဝ ကျော်လောက်ရှိတယ်လို့ ဦးအုန်းကြိုင် က ပြောပါ တယ်။ အသက် ၈၂ နှစ် ကျော်ပြီဖြစ်တဲ့ ဦးတင်ဦး ဟာ မြန်မာ့တပ်မတော်မှာ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပြီး သူရဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ ဦးတင်ဦး နဲ့ ပတ်သက်ပြီး မကွေးတိုင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ဇော် ပြောပါ တယ်။

“မြန်မာလွတ်လပ်ရေး တိုက်ပွဲ အဆင့်ဆင့်မှာ ပထမဆုံး တော်လှန်ရေး က တည်းက အသက် အလွန်ငယ်ရွယ်ချိန်မှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ လူငယ် တယောက် ဖြစ်တယ်။ တိုင်းပြည် လွတ်လပ်ရေး ရတဲ့အခါ တိုင်းပြည်ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် ကြီးမားတဲ့တာဝန်တွေကို ဆက်လက် တာဝန်ယူခဲ့တာ မငြင်းနိုင်တဲ့ ကိစ္စ တခု ဖြစ်တယ်။

“အခြေအနေ အရပ်ရပ်ကြောင့် ဒီတာဝန်တွေကနေ ရပ်စဲခံရပြီး တိုင်းပြည် အတွက်၊ ပြည်သူ့အတွက် လိုအပ်လာတဲ့အချိန်မှာ တဖန်ပြန်ပြီး တာဝန်ယူရတယ် ဆိုတဲ့ ဥစ္စာဟာ အခုအချိန်အထိ မြင်တွေ့နေရဆဲ ဖြစ်တယ်။”

ဦးတင်ဦး ဟာ အဖွဲ့ချုပ် စတင် တည်ထောင်ချိန်က ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပြီး သူဟာ ရိုးသား ဖြောင့်မတ်သူ ဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင် က ပြောပါတယ်။ “ပါတီဝင်ထု အများစုရဲ့ သတ်မှတ်ချက်က ဦးတင်ဦးဟာ ရိုးသားဖြောင့် မတ်တယ် ဆိုတာ ကျနော်တို့ လုံးဝကို ယုံကြည်ကြတယ်၊ ဒီမိုကရေစီအရေးတော်ပုံ၊ နိုင်ငံရေးပါတီရဲ့ နိုင်ငံရေး လုပ်ငန်းတွေမှာ အမြဲတမ်း တက်ကြွ ထက်သန်ပြီး ပါဝင် လှုပ်ရှားတဲ့ ခေါင်းဆောင်တဦး ဆိုတာကို ကျနော်တို့ အသိမှတ်ပြုကြတယ်။

“ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဖက် တဦးအဖြစ် မကဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း လက်တွဲနိုင်တဲ့ ပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပတ်သက်လာရင် ယုံကြည်မှု အပြင်းပြဆုံး ပုံသဏ္ဍာန်နဲ့ ဒေါ်အောင်ဆန်း စုကြည်မှာ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ် ဆိုတာကို ကျနော်တို့ တွေ့တယ်။”

ဦးတင်ဦး နဲ့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝဝ၃ ခုနှစ် မေလ အတွင်း အထက်မြန်မာပြည် နိုင်ငံရေး စည်းရုံးရေးခရီး သွား နေစဉ် ဒီပဲယင်း ဒေသမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ လူတွေက အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက် စစ်အစိုးရက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကလေး ထောင်မှာ ထိန်းသိမ်းခဲ့ပြီး ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီမှာ ရန်ကုန်မြိ့က နေအိမ်တွေကို ပြန်ပို့ကာ နေအိမ် အကျယ်ချုပ် ချထားခဲ့တာ ၆ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။

No comments:

Post a Comment