မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

အကြိမ် ၂ဝ မြောက် ဗုဒ္ဒ

အံ့ဘုန်းမြတ် ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

အိုင်နက်ဖ်လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ ဘာသာရဟန်းတော်များအဖွဲ့ချုပ်က ဆရာတော်အရှင်သောပါက မိန့်ကြားပါတယ်။

“ဒီငြိမ်းချမ်းရေး လှုပ်ရှားကြတဲ့ မြန်မာသံဃာတွေ ဒီလို ဒုက္ခရောက်ရင် ဘယ်လိုမျိုး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြမလဲ ဆိုတဲ့ အပိုင်းရယ်၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပြည်တွင်း သံဃာတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ လုပ်နေတာ ရှိတယ်။ နိုင်ငံတကာက ဘယ်လိုဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နိုင်သလဲ။

“ငြိမ်းချမ်းရေး လုပ်တဲ့နေရာမှာ ဘာတွေ အဓိက လိုအပ်သလဲ။ ငြိမ်းချမ်း ရေးဟာ ဘာကြောင့် ပျက်ဆီးနေသလဲ ဆိုတော့ တယောက်ပေါ်မှာ တယောက် မုန်း တဲ့ စိတ်တွေ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေမယ် ဆိုရင် မုန်းနေကြမှာပေါ့။

“လူ့အခွင့်အရေးတွေ တယောက်အပေါ် တယောက် မလေးစားကြဘူး ဆို ရင် ငြိမ်းချမ်းရေးကို ဖျက်ဆီးရာ ရောက်တယ်၊ အဲဒါတွေကို တဖြည်းဖြည်းနဲ့ လျော့ပြီး ငြိမ်းချမ်းရေးပိုပြီး တိုးတက်အောင် လုပ်လို့ ရတယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတာ ပေါ့၊”

ညီလာခံကို ပြည်တွင်းပြည်ပက မြန်မာရဟန်းသံဃာတော် ၂ဝ ကျော် တက် ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာခံက မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာ နိုင်သလဲ ဆိုတာကို ဆရာတော် အရှင်သောပါက ဆက်လက် မိန့်ကြားပါတယ်။

“အခု ဗမာပြည်အရေးက နိုင်ငံတကာအရေး ဖြစ်နေတယ်။ ဒီနေ့ ဦးဇင်းတို့ ဆွေးနွေးတဲ့ အကြောင်းအရာတွေက ဗမာပြည်ထဲမှာ ငြိမ်းချမ်းရင် တကမ္ဘာလုံး ငြိမ်း ချမ်းမယ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆွေးနွေးဖြစ်တယ်။

“ဆိုလိုတာက ဗမာပြည်သာ ငြိမ်းချမ်းရင် တကမ္ဘာလုံးကလည်း စိတ်ချမ်း သာကြမယ်။ အခု ဗမာပြည်အရေးကို တကမ္ဘာလုံးက ဝမ်းနည်းနေကြတယ်။ ဒီကို တက်ရောက်တဲ့ လူတော်တော်များများက ဗမာပြည်အကြောင်း သိနေကြတယ်။

“ဒီအပေါ်မှာ သူတို့အနေနဲ့ ဘာများ လုပ်ဆောင်ပေးနိုင်သလဲလို့ မေးရင် ဦးဇင်းတို့က ဘာတွေလုပ်လို့ရတယ်ဆိုတာ ပြောပြလို့ ရတယ်။ သူတို့ ဗမာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာတွေ လုပ်လို့ရတယ် ဆိုတာကို ဆွေးနွေးလို့ ရတာ ပေါ့။ အဲဒီအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်တယ်။”

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ တရားတော်တွေကို လူမှုအဖွဲ့အစည်းအတွင်း ပျံ့ပွားအောင် ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတခု ဖြစ်ပါတယ်။

No comments:

Post a Comment