မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Monday, November 16, 2009

၁၆ နှစ်အရွယ် စစ်သားအဖြစ် စုဆောင်းခံရ

2009-11-15 RFA

ပဲခူးတိုင်း သနပ်ပင်မြို့ ဘုရားကြီးပိုင်း ၁၂ လမ်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ကျော်မင်းဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဖခင်ဖြစ်သူ ဦးစိုးလွင်နဲ့အတူ မန္တလေးဘူတာမှာ ရထားစောင့်နေတုန်း ပျောက်ဆုံးသွားပြီး စစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။


သားဖြစ်သူ မောင်ကျော်မင်းဦး ပင်လောင်းမြို့ အမှတ် (၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် အနော်ရထာတပ်ခွဲမှာ ရောက်ရှိနေကြောင်း အခုရက်ပိုင်းအတွင်း စာရေးဆက်သွယ်လာလို့ ပင်လောင်းမြို့က တပ်ကို လိုက်သွားပေမယ့် သားဖြစ်သူနဲ့ တွေ့ခွင့် မရရှိခဲ့ဘူးလို့ ဖခင်ဖြစ်သူ ဦးစိုးလွင်က ပြောပါတယ်။


ဦးစိုးလွင်။ ။စာရရချင်း ကျနော်လိုက်သွားတယ်။ လိုက်သွားတဲ့အခါမှာ အမှတ် ၄ စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ ပင်လောင်းမြို့၊ အဲဒီတပ်ကိုရောက်တော့ ကျနော့်ကို အဲဒီတပ်ကစောင့်တဲ့ နှစ်ရစ်နဲ့ ရဲဘော်က အပြင်ထွကှ်ုပီး စကားပြောတယ်။ ဦးသား ကျော်မင်းဦးဆိုတာ မရှိတာမဟုတ်ဘူး၊ ရှိတယ်ပေါ့လေ။ ဒါပေမယ့် ကျနော် ပေးတွေ့လို့မရဘူးပေါ့။ အရာရှိတွေက မှာထားတယ်၊ ဧည့်တွေ့ လုံးဝ ခွင့်မပြုရဘူး ဆိုပြီးတော့။ အဲဒါ ရှေ့လ ဆယ့်နှစ်လပိုင်း ၁၅ ရက်နေ့မှာ သူတို့ သင်တန်းဆင်းမယ်၊ အဲဒီအခါကျမှ လာတွေ့ပါ ဆိုပြီးတော့ ကျနော့်ကိုပြောတယ်


မောင်ကျော်မင်းဦး မန္တလေးဘူတာမှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပုံနဲ့ ပတ်သက်လို့ ဦးစိုးလွင်က အခုလို ပြောပြပါတယ်။


ဦးစိုးလွင်။ ။မန္တလေးဘူတာမှာ စောင်ပျောက်သွားတာ၊ အဲဒီစောင်ကို ကျနော့်သားက ပြန်မယ့်ညမှာ လိုက်ရှာရင်းနဲ့ ပျောက်သွားတာ။ ပျောက်သွားတဲ့အခါမှာ ကျနော် လိုက်ရှာတယ်။ ကျနော်တို့ ထမင်းစားသောက်တဲ့ ဆိုင်မှာပေါ့လေ။ မေးကြည့်တော့ အဲဒီဆိုင်က ကျနော့်ကိုပြောတယ်။ စစ်သား လေးငါးယောက်နဲ့ ကျနော့်သား ဒီဆိုင်မှာ လက်ဘက်ရည်တွေ သောက်သွားတယ်၊ မုန့်တွေဘာတွေ စားသွားတယ်၊ အဲဒီစစ်သားတွေနဲ့ ပါသွားတယ်ဆိုပြီးတော့ အဲဒီဆိုင်ကပြောလို့ ကျနော်သိရတာ


မောင်ကျော်မင်းဦး မိဘတွေက သားဖြစ်သူ စစ်တပ်ထဲကနေ အိမ်ကို ပြန်ခေါ်လိုတဲ့အတွက် ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ထံ အကူအညီတောင်းပြီး အိုင်အဲလ်အိုအဖွဲ့ကို တိုင်ကြားထားတယ်လို့သိရပါတယ်။ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေဦးအေးမြင့်က အခုနှစ် မေလကနေ နိုဝင်ဘာလအထိ ကလေးစစ်သားအရေး တိုင်ကြားခဲ့တာ ၁၁၂ ယောက် ရှိတယ်လို့ အာအက်ဖ်အေကို ပြောပြပါတယ်။

No comments:

Post a Comment