မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဗိုလ်ချုပ်ထိန်မောင်အဖွဲ့က လက်မခံနိုင်

နော်နိုရင်း ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

ဒီလဆန်းပိုင်းက စစ်တပ်ရေးရာလုံခြံရေးတပ်ဖွဲ့မှူး ဒု-ဗိုလ် ချုပ်ကြီးရဲမြင့် အဖွဲ့နဲ့ ကေအန်ယူ၊ ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ အကြီး အကဲတွေ တွေ့ဆုံ စကားပြောကြပါတယ်။ စစ်ဘက်ဆိုင်ရာ လုံခြံရေးအကြီးအကဲနဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီက အကြီးအကဲတွေ ဒီလ ၁ ရက်နေ့က ဖားအံမြိ့မှာတွေ့ဆုံ ဆွေးနွေးခဲ့ တာပါ။ ဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်ရဲမြင့်ကနေပြီး KNU-KNLA ငြိမ်းချမ်းရေး ကောင် စီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်ကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ပြောဆိုခဲ့တာလို့ စောင့်ကြည့်တဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောပါတယ်။

“ဗိုလ်ချုပ်ရဲမြင့်က ဦးထိန်မောင်နဲ့ လာတွေ့တဲ့အခါမှာ ဦးထိန်မောင်တို့ အ ဖွဲ့အားလုံး မကြာခင်မှာ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရမယ် ဆိုတော့ ကျနော့်ကို ခေါ်တဲ့အခါမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ဖို့ ကျနော့်ကို ဘာမှ မပြောခဲ့ဘူး၊ အခုမှ နယ်ခြားစောင့်တပ်ဖွဲ့ကို ကူးပြောင်းရမယ် ဆိုလို့ရှိရင် အပြောတမျိုး အလုပ် တမျိုး ဖြစ်တယ်လို့ သူက ဖြေကြားတယ်။”

အင်အား တရာလောက်ရှိတဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ကရင်အမျိုးသား အ စည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ က နယ်ခြားစောင့်တပ်ကို လုံးဝ လက်မခံဘူးလို့ အောက်တိုဘာ လကုန်ပိုင်းမှာ သ ဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ငြင်းဆန်ခဲ့ပြီးနောက် နအဖဘက်က ဖိအားပေးမှု မရှိသေးပေမယ့် ရိက္ခာဖြတ်မယ့် အနေအထား တွေ့နေရတယ်လို့ အဲဒီအဖွဲ့က အမည်မဖော်လိုတဲ့ တပ်မှူးတဦးက ပြောပါတယ်။ ၁၉၉၇ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်ပြီး နအဖ စစ် အစိုးရဆီ လက်နက်ချခဲ့တဲ့ စောသူမူဟဲ ခေါင်းဆောင်တဲ့ ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေးအဖွဲ့ ကေပီအက်ဖ်က နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ အခုလက်ရှိ တပ်ရင်း ၁၊ ၂ နဲ့ ၃ ကို တပ်ရင်းတရင်းအဖြစ် ပေါင်းစည်းစုဖွဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာလို့ ကေအန်ယူ တပ်မဟာ ၆ ရဲ့ တပ် မှူးတဦးက ပြောပါတယ်။

“အခုက တပ်ရင်း ၁ နဲ့ တပ်ရင်း ၃ ကို ဖြုတ်ပြီး လူတွေအားလုံး တပ်ရင်း ၂ ကို ပြန်ပေါင်းရမယ်၊ တပ်ရင်း ၂ မှူးကတော့ တပ်ရင်းမှူး ဖြစ်သွားမယ်၊ ကျန်တဲ့ ဗိုလ်မှူး သူဟနဲ့ အောင်တင်မြင့်၊ ဗိုလ်တောထော၊ အောဖာ၊ ဝါချက်၊ လေးဝါး တို့ အားလုံး အပြင်ကို ထွက်နားရမယ်။ နအဖကတော့ ထိုက်သင့်တဲ့ ကျန်းမာရေး အ တွက် ဆေးဖိုးဝါးခ၊ ဆေးရုံတက်ခွင့်ရှိတယ်။ ထိုက်သင့်တဲ့ လစာ ရမယ်လို့ ပြော တယ်။ ဘယ်လောက်ရမယ် ဆိုတာ မပြောတတ်သေးဘူး။”

ပြန်ပေါင်းလိုက်တဲ့ တပ်ကို ကေပီအက်ဖ်ရဲ့ ဥက္ကဋ္ဌ စောသူးမူဟဲရဲ့သား စော အယ်စေးက တပ်ရင်းမှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကျန်တပ်ရင်း နှစ်ရင်းက ရာထူး စွန့်လွှတ်ရမယ့် တပ်မှူးတွေ၊ အသက်ငါးဆယ်ကျော် အနားယူရမယ့်သူတွေက မ ကျေနပ်ကြဘူးလို့ ပြောပါတယ်။ အောက်ခြေတပ်သားတွေ အကြားမှာလည်း နယ်ခြားစောင့်တပ်ကို မဖွဲ့ချင် ကြဘူးလို့ အဲဒီ ကေအန်ယူတပ်မှူးကပဲ ပြောပါတယ်။

“ကေပီအက်ဖ် တပ်ဖွဲ့ထဲမှာ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်၊ အရင်က လက်အောက်ခံ အလုပ်လုပ်ဖူးတဲ့ သူတွေလည်း ရှိခဲ့ဖူးတော့ ကျနော့်ကို ဆက်သွယ်လာတယ်။ လူကြီးပိုင်းတွေက မနားချင်လည်း နားရတော့မယ်၊ “တပ်ဖွဲ့ ဖွဲ့ပြီးရင် ဘာမှဝင်ရှုပ်လို့ မရတော့ဘူး။ စီးပွားရေး လိုင်းဘက်ကို လုပ်ပြီး အပြင်မှာကင်းကင်းရှင်းရှင်း ထွက်နေ။ အချို့လူငယ်ပိုင်းတွေ မကြိုက်ပေမယ့် လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ် လုပ်ထားတဲ့ သူက ဘယ်လိုမှ ငြင်းလို့မရဘူး။”

နယ်ခြားစောင့်တပ် ဖွဲ့မယ်ဆိုရင် လက်ရှိ တပ်နာမည်မှာ ကရင်နာမည် ပျောက်သွားမှာ ဖြစ်တဲ့အတွက် အောက်ခြေတပ်သားတွေက မကြိက်တာလို့ သူက ဆက်ပြောပါတယ်။ စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ မက်လုံးပေး၊ ဖိအားပေးနေတာ ကြောင့် အပစ်ရပ်အဖွဲ့ တချို့ အကြား သဘောထားကွဲလွဲ နေကြပါတယ်။

No comments:

Post a Comment