မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

သီရိလင်္ကာရှိ မြန်မာသံဃာများ ဗိုလ်ချုပ်မှူးကြီးအလှူကို ကံဆောင်မည်

ထက်အောင်ကျော် ၁၂ နိုဝင်ဘာ ၂ဝဝ၉ - DVB

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နှစ်ပေါင်း ၄ဝ ကျော် အတွင်း ပထမဆုံးခရီးစဉ်အဖြစ် ဒီနေ့ သိရိလင်္ကာနိုင်ငံကို အလည်အပတ် ရောက်ရှိတာကို သမ္မတ မဟင်ဒါ ရာဂျာပါရှက် ကိုယ်တိုင် လေယာဉ်ကွင်းမှာ ကြိဆိုခဲ့ပြီး ၄ ရက်ကြာ နေထိုင်မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ဟာ လေယာဉ်ကွင်းကနေ ကိုလံဘိုမြိ့ထဲတောင် မဝင်ဘဲ ဗုဒ ရှိတဲ့ ကန်ဒီမြိ့ကို မော်တော်ယာဉ်တွေနဲ့ ဆက်လက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ ကန်ဒီနဲ့ အဲဒီဝန်းကျင်က ဘာသာရေးနေရာတွေကို ဗိုလ်ချုပ်မှူးကြီးနဲ့အဖွဲ့ လည်ပတ်မှာ ဖြစ်တဲ့အပြင် အဲဒီမှာပဲ ၂ နိုင်ငံကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သိရိလင်္ကာ တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနဲ့ သိရိလင်္ကာနိုင်ငံတို့ဟာ ထေရဝါဒ ဗုဒ ထွန်းကားတဲ့ နိုင်ငံတွေဖြစ်ပြီး မြန်မာစာသင်သား သံဃာတွေ ရာနဲ့ချီပြီး သိရိလင်္ကာမှာ စာ သင်ယူနေကြပါတယ်။

စောစောပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ကို အဲဒီ သံဃာတော်တွေက ဆန္ဒပြမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သံရုံးရှေ့သွား ဆန္ဒပြတာမျိုးမဟုတ်ဘဲ ၂ဝဝ၇ စက်တင်ဘာ ကတည်းက လုပ်ထားတဲ့ ကံဆောင် သပိတ်မှောက်မှုကို ဆက်လုပ်ကာ ဗိုလ်ချုပ်မှူးကြီး လှူသမျှကို လက်မခံတဲ့ သပိတ်မှောက်မှုသာ ဖြစ်တယ်လို့ မြန်မာစာသင်သား သံဃာတော်များအဖွဲ့မှ အရှင်သြဘာသ က မိန့်ကြားပါတယ်။

“ဗုဒ အချင်းချင်း ဆက်ဆံကြတယ်ဆိုတာ ဦးဇင်းတို့ အထူးအထွေ ပြောစရာ မရှိဘူး။ ဒါပေမယ့် ၂ဝဝ၇ စက်တင်ဘာမှာ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီး ဖြစ်လိုက်တဲ့ နောက်ပိုင်းမှာ သံဃာတော်တွေကို ညှင်းဆဲ၊ သတ်ဖြတ်တယ်။ ထောင်သွင်း အကျဉ်းချတယ်။ အဲလိုလုပ်လိုက် တဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေ သပိတ်မှောက် ကံဆောင်ထားကြတယ်။

“ဦးဇင်းတို့ အနေနဲ့လည်း ဒီခရီးစဉ်ဟာ သံဃာတော်တွေကို လှူဘွယ်ဝတ္ထုတွေအနေနဲ့ ဦးဇင်းတို့ကို လှူဒါန်းခဲ့မယ်ဆိုရင် ဆောင်ထားတဲ့ သပိတ်ကံသည် အသက်ရှိနေသေးတဲ့အတွက် လှူဒါန်းတဲ့ အလှူဒါနတွေကို လက်ခံမှာ မဟုတ်ပါဘူး။ လက်မခံဖို့အတွက် ဦးဇင်းတို့ အပေါင်းအသင်းတွေကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။”

သိရိလင်္ကာမှာ မြန်မာကျောင်း ၃ ကျောင်း ရှိပေမယ့် မြန်မာနိုင်ငံသားဦးရေ သိပ်မရှိတဲ့အပြင် ၂ နိုင်ငံ စီးပွားဆက်ဆံမှုလည်း များများစားစား မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ ဒါကြောင့် အခုခရီးစဉ်ဟာ ၂ နိုင်ငံ စီးပွားရေးထက် စစ်ရေးဆက်ဆံမှုသဘော၊ အထူးသဖြင့် တမီးလ်ကျား သူပုန်တွေအပေါ် သိရိလင်္ကာ အစိုးရက နှိမ်နင်းမှုကို မြန်မာဘက်က လာရောက်အားပေးတဲ့ သဘောသာ များနေတယ်လို့ ဆရာတော်က ဝေဖန်သုံးသပ်ချက် ပေးပါတယ်။

“တမီးလ်သူပုန်တွေနဲ့ တိုက်ခိုက်တဲ့ နေရာတွေမှာ မြန်မာနိုင်ငံရဲ့ စစ်ရေးအကူအညီတေ၊ွ လက်နက်အကူအညီတွေ ရခဲ့တယ်ဆိုတဲ့ သာဓကတွေ ရှိခဲ့တယ်။ သာဓကတွေ က ဒီသီရိလင်္ကာ နိုင်ငံမှာ စစ်ပွဲ ပြီးပြီးချင်း တပတ်အတွင်းမှာ သီရိလင်္ကာ သမ္မတ မာဟင်ဒါက မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံပြီးတဲ့ အခါမှာ စစ်ရေးဆွေးနွေးပွဲတွေ ၂ နိုင်ငံ စီးပွားရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တာကို သိခဲ့ရတယ်။

“မြန်မ်ာနိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံမှာ ဘာမှ အထူးအထွေ ရှိတာတော့ မဟုတ်ပါဘူး။ သီရိလင်္ကာနိုင်ငံ အနေနဲ့တော့ မြန်မာနိုင်ငံအပေါ်မှာ မှီခိုရတဲ့ အပိုင်းကဏ္ဍတွေ ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း လိုလို ဆန်တန်ချိန် ၂ သိန်းကျော် တင်ပို့နေရတာမျိုးတွေ ရှိပါတယ်။”

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မြန်မာနဲ့ သီရိလင်္ကာတို့ဟာ ဗုဒ သမိုင်းကြောင်းအရ နီးနီးကပ်ကပ် ပေါင်းသင်းဖက်နိုင်ငံတွေ ဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ကန်ဒီမြိ့ အရောက်မှာ ပြုလုပ်တဲ့ သိရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ရိုဟီသာ ဘိုဂိုလာဂါမာ နဲ့ တွေ့ဆုံမှုအတွင်း စကားပြန်ကတဆင့် ပြောသွားတာလို့ ဆိုပါတယ်။

ဒီနေ့နှောင်းပိုင်း သို့မဟုတ် မနက်ဖြန်ကျမှ သမ္မတ မာဟင်ဒါ နဲ့ တွေ့ဆုံမယ်လို့ ယူဆရပြီး တနင်္ဂနွေကျမှ ပြန်မယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့အတူ အဖွဲ့ဝင် ၂၆ ဦး ပါရှိတယ်လို့ သိရပေမယ့် အသေးစိပ်တော့ မသိရသေးပါဘူး။

No comments:

Post a Comment