မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကန်ဒီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရ

ဒီဗွီဘီ ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

သီရိလင်္ကာနိုင်ငံ ကန်ဒီမြိ့ကို ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ကို ဒေသခံအာဏာပိုင်တွေရဲ့ ကျောင်းသူ၊ ကျောင်းသား တွေက အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုဆိုခဲ့ကြောင်း အေအက်ဖ် ပီ သတင်းက ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ဟာ အဖြူရောင်ဝတ်စုံတွေ ဝတ် ဆင်ထားပြီး အလှူဒါန ပြုခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာ တသောင်းလှူဒါန်း သွား ကြောင်း သိရပါတယ်။

အဖွဲ့ဝင် ၂၆ ဦးပါဝင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဒီမနက်ပိုင်း ကန်ဒီ မြိ့ တဝှမ်းက ဘုရားတွေကိုဖူးပြီး မနက်ဖြန်မှာ အနုရာဒါပူရာ ဘက် သွားမယ်လို့ သိ ရပါတယ်။

အသက် ၇ဝ ကျော်နေပြီလို့ ယူဆရတဲ့ မြန်မာ စစ်ဗိုလ်ချုပ်မှူးကြီးဟာ မနေ့ က သီရိလင်္ကာကို ရောက်ရောက်ချင်း ဗိုက်နာတဲ့ ဝေဒနာကို ခံစားရတဲ့အတွက် ကန် ဒီဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။

အစားအသောက်ကြောင့် ဒီလိုဖြစ်တာလို့ သံသယရှိကြောင်း ဆရာဝန်က ပြောပေမယ့် အသေးစိပ်

ထုတ်ဖော်ပြောဆိုခြင်း မရှိဘူးလို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment