မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

မြန်မာလယ်သမားအများအပြား အခက်အခဲ အမျိုးမျိုးတွေ့ကြုံ

2009-11-13 RFA

မန္ဈလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကုလားရွာမှာ လယ်မြေတွေ ရေမရတဲ့အတွက် စပါးတွေ ဆုံးရှုံးရမလို ဖြစ်နေပြီလို့ လယ်သမားတွေက စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။

ငါန်းဇွန်မြို့နယ် ကုလားရွာတဝိုက်မှာ လတ်တလော ရေအခက်တွေ့နေတဲ့ လယ်မြေ ဧကပေါင်း ၂ ထောင်ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် ဆုံးရှုံးမယ်ဆိုရင် စပါးတင်း အရေအတွက်က သိန်းနဲ့ချီတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဘုရားချောင်းကျေးရွာနဲ့ အနီး တဝိုက်ရွာတွေက လယ်သမားတွေမှာလည်း ဓာတ်မြေသြဇာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

No comments:

Post a Comment