မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ကိုညီညီအောင်၏ အမှုတွဲ ယနေ့ စစ်ဆေး

အေးနိုင် ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် အမှုကို ဒီနေ့ စစ်ဆေးတယ်လို့ သူ့ရှေ›နေ ဦးဉာဏ်ဝင်းက ပြောပါ တယ်။ အင်းစိန်ထောင်တွင်းရှိ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေး တာလို့ ဒီနေ့ အမှုစစ်က ပြန်လာတဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကိုညီညီအောင် အမှုကို ကျနော်သွားပါတယ်၊ သက်သေနှစ်ဦး စစ်ပါတယ်။ မနက် ၁ဝ နာရီ ကနေ ၁ နာရီမှာ ပြီးပါတယ်။ ထူးခြားမှု မရှိသေးဘူး။ အခုမှ ဇာတ်လမ်းက စတာကို အပြည့်စုံကတော့ စစ်ဆေးသွားမှပဲ သိမှာပဲ။”

ဒီနှစ် စက်တင်ဘာ ၃ ရက်နေ့က တရားဝင်ဗီဇာနဲ့ မြန်မာနိုင်ငံကို ဝင် ရောက်လာတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ကို ရန်ကုန်-မင်္ဂလာဒုံ လေဆိပ်မှာ ဖမ်းဆီးပြီး တရားမဝင် မှတ်ပုံတင်အတု ပြုလုပ်သုံးစွဲ မှု၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုတွေနဲ့ တရားစွဲထားတာပါ။

No comments:

Post a Comment