မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Monday, November 16, 2009

ဧရာဝတီတိုင်းအတွင်း ဒီရေရောက်သစ်တော ဧက ၁ဝဝ တိုးချဲ့ စိုက်ပျိုးသွားမည်

2009-11-14 RFA

နာဂစ် လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ ဧရာဝတီတိုင်းက ဒီရေရောက် သစ်တောတွေကို အဓိက ပြန်လည်စိုက်ပျိုးနေတဲ့ ဖရီဒါ Freda မြန်မာ့သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိန်းသိမ်းရေးအသင်းအနေနဲ့ လာမယ့် ၂ဝ၁ဝ ခုနှစ်အတွင်း နောက်ထပ် ဧက ၁ဝဝ ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမယ်လို့ အသင်းအကြီးအကဲဖြစ်သူ ဦးအုန်းက RFA ကို ပြောပါတယ်၊၊


ဦးအုန်း။ ။'ဧက တရာ စိုက်ပြီးပါပြီ။ နောက်ထပ်လည်း ဂျပန်မိတ်ဆွေတွေက ကျနော့်ကို Financial Support ပေးလို့ နောက်ထပ် လာမယ့် ၂ဝ၁ဝ မှာ ဧက တရာ စိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ'


ဧရာဝတီတိုင်းက ဒီရေရောက်သစ်တော စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၄ သိန်း သုံးစွဲသွားမယ်လို့ ဦးအုန်းက ပြောပါတယ်၊၊


ဖရီဒါအဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ ဒီရေရောက်သစ်တော ဧက ၅ဝဝဝ လောက် စိုက်ပျိုးခဲ့ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်၊၊ သမက်၊ ကမ္ဗလာ၊ ကနစို၊ ဗြူး၊ မဒမ စတဲ့ ဒီရေရောက်သစ်ပင် အမျိုးပေါင်း၂ဝ လောက် စိုက်ပျိုးထားပြီး တခြား အမျိုးအစားသစ်တွေ တိုးချဲ့ စိုက်ပျိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်၊၊


ပြည်တွင်းနဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် အနာဂတ်မှာ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး ဒီရေရောက်သစ်တော ထိန်းသိမ်းရေး ပညာသင် တက္ကသိုလ်တခု ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဖရီဒါ အဖွဲ့ အကြီးအကဲ ဦးအုန်းက ပြောပါတယ်၊၊


အနာဂတ်မှာ နာဂစ်လို မုန်တိုင်းအန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရင် လေလာရာ လမ်းကြောင်းကို ဟန့်တားကာကွယ်နိုင်အောင် စီမံကိန်းတွေ စနစ်တကျ ချမှတ်ဆောင်ရွက်နေတဲ့ ဖရီဒါအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်၊၊

No comments:

Post a Comment